၁၆
317 11 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၆)
[၁]
ရာကိုတစ်ယောက် ရာကို့မိခင်ဟုဆိုသော အမျိုးသမီး ပြန်သွားသည့်နေ့ကစပြီး အလုပ်ကိစ္စများကို ဘုန်းရောင်နှင့်နေသန့်ကိုလွှဲထားပြီး ဒေါ်ကြည်ပြာ့ကိုရော လွန်းကိုပါအတွေ့မခံပဲ တစ်နေကုန်အခန်းထဲတွင်သာ အောင်းနေသည် … ။ အခန်းထဲသို့ မည်သူ့ကိုမှအဝင်မခံသဖြင့် ဒေါ်ကြည်ပြာက အစားအသောက်များကို အခန်းရှေ့တွင်ဗန်းဖြင့်ထည့်ကာ ခုံတစ်လုံးဖြင့် ထားခဲ့ပေးရသည် … ။ ရာကိုက တစ်ခါတစ်ရံထွက်ယူတတ်သော်လည်း တစ်ခါတစ်ရံ ထိုအစားအစာများကို ထိပင်မထိပေ … ။ ထိုသို့ ရာကိုစိတ်ဆင်းရဲနေရသည်ကို မကြည့်ရက်သော်လည်း မတတ်နိုင်သဖြင့် ရာကိုစိတ်ပြေမည့်အချိန်ကိုသာ စောင့်နေရသည် … ။
သို့သော် ....
ဆက်မစောင့်နိုင်တော့သဖြင့် ဒေါ်ကြည်ပြာ့ကို
" ကြီးမေ … ကိုလေးရဲ့အမေက အဲ့ဒီလောက်တောင်ဆိုးလားဟင် .… ကိုလေးကဘာဖြစ်လို့အဲ့ဒီလောက်တောင်စိတ်ဆိုးရတာလဲဟင် "
ဟု မေးမိသည် … ။ ဤမေးခွန်းကို ဒေါ်ကြည်ပြာက သက်ပြင်းရှိုက်ပြီး
" ဘာဖြစ်လို့အဲ့ဒီလောက်တောင်စိတ်ဆိုးရတာလဲဆိုတော့ သားလေးကိုသူ့အမေက သူငါးနှစ်သားမှာ ပစ်ထားခဲ့လို့ "
ဟု ပြန်ဖြေသည် ။ ဒေါ်ကြည်ပြာ့အဖြေကိုကြားလိုက်သောအခါ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည် … ။ ဒေါ်ကြည်ပြာကဆက်၍
" သားလေးအမေက ဒီအိမ်ကဆရာနဲ့အိမ်ထောင်မကျခင်က ပထမအိမ်ထောင်ရှိခဲ့တယ် … အဲ့ဒီပထမယောက်ျားနဲ့ကွဲသွားတဲ့အချိန်မှာ ဆရာနဲ့ယူခဲ့ကြတာ … ယူပြီးသိပ်မကြာဘူး သားလေးကိုကိုယ်ဝန်ရတယ် … သားလေးကိုမွေးပြီးတဲ့နောက်ပိုင်း သူ့အမေခြေလှမ်းတွေပျက်နေတာကို ဆရာကရိပ်မိခဲ့တယ် … ဒါပေမဲ့ သားလေးအမေမရှိပဲကြီးပြင်းရမှာစိုးလို့ဘာမှမပြောခဲ့ဘူး … အဲ့ဒီလိုနဲ့ သားလေးငါးနှစ်သားမှာ သူ့အမေက ပထမအိမ်ထောင်နဲ့ပြန်ပေါင်းခဲ့တယ် … ဆရာနဲ့လည်းကွာရှင်းခဲ့တယ် … ဆရာက သားလေး ဆယ့်ငါးနှစ်သားမှာ သားလေးကိုယူကေကိုပို့ခဲ့တယ် … အခုမှ သားလေးကပြန်လာတာ "