ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၆)
[၁]
အာသာ ပန်း ကျကျန်ခဲ့သော မှတ်စုစာအုပ်လေးကိုကြည့်ရင်း ပန်းကို ပြန်ပေးသင့် မပေးသင့် စဉ်းစားနေမိသည် … ။ ရက်အတော်ကြာအောင် စဉ်းစားပြီးနောက် ပြန်ပေးရန်ဆုံးဖြတ်လိုက်ပြီး ပန်းအလုပ်,လုပ်သည့်နေရာကိုစုံစမ်း၍ ထွက်လာခဲ့လိုက်သည် … ။ ပန်းကိုတွေ့ချင်ဇောဖြင့် ပန်း၏ ရုံးသို့ထွက်လာခဲ့ရသော်လည်း
" မင်းတွေ့ချင်တဲ့အဲ့ဒီကောင်မလေးကအရမ်းချေတာနော် … တော်ရုံလူဆိုထွက်မတွေ့ဘူး "
ဟူသော ဘေးစကားများကိုကြားပြီး မိမိသွားတွေ့သော်လည်း ပန်းက ထွက်မတွေ့မည်ကို စိုးရိမ်နေမိပြန်သည် … ။
သို့သော် ....
ရုံးသို့ရောက်သောအခါ မျှော်လင့်ထားသလိုမဟုတ်ပဲ ပန်းက ထွက်တွေ့သည် … ။ပန်းနုရောင်ဝမ်းဆက်ကိုဝတ်ဆင်ကာ နှင်းဆီပန်းဖြူဖြူကိုပန်ထားသော ပန်းကို သတိလက်လွတ် ငေးကြည့်နေမိစဥ် ပန်းက
" ဘယ်သူလဲမသိဘူးရှင် "
ဟု မေးလာသည် ။ ထိုအခါမှ သတိဝင်လာပြီး လက်ထဲမှမှတ်စုစာအုပ်လေးကို ပန်းအား လှမ်းပေးလိုက်သည် … ။ ပန်းက စာအုပ်ကိုလှမ်းယူပြီး
" ဒီစာအုပ်က "
ဟု စကားစသည် … ။ ထို့ကြောင့်
" ဟိုတစ်ခါ … ကျွန်တော့်ကားနဲ့တိုက်မိမလိုဖြစ်တုန်းက ဒီကညီမကျကျန်ခဲ့တာ "
ဟု ပြာပြာသလဲရှင်းပြလိုက်သည် … ။ ပန်းက
" သြော် "
တစ်ခွန်းသာပြောပြီး နှုတ်ဆိတ်နေသဖြင့် မိမိကပင်ဆက်၍
" ဟိုတစ်ခါ … ဒီကညီမကိုကျောင်းမှာတွေ့တုန်းကလည်းမပေးဖြစ်လိုက်ဘူးလေ … အဲ့ဒါနဲ့ အရေးကြီးတာဖြစ်နေမှာစိုးလို့ အဲ့ဒီကျောင်းကိုမေးပြီး ဒီကိုရောက်လာတာ "
ဟု ရှင်းပြလိုက်သည် … ။ မိမိစကားဆုံးသောအခါပန်းက
" ကျေးဇူးတင်ပါတယ်ရှင် … ဒါပေမဲ့ ဒါကျွန်မစာအုပ်မဟုတ်ဘူး … အဲ့ဒီနေ့ကကျွန်မနဲ့အတူပါလာတဲ့ အစ်မတစ်ယောက်စာအုပ် "
ESTÁS LEYENDO