ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၈)
[၁]
" ဟုတ်ကဲ့ ဆရာ … စိတ်မပူပါနဲ့ .... ဆရာပြောတဲ့အဲ့ဒီလူကို ကျွန်တော်တို့ မြန်မြန်လေးမိအောင်ဖမ်းပေးမှာပါ "
ဟူသော စကားကို ရဲအရာရှိက ပြောလာသဖြင့် ရာကို ပြုံးလိုက်ပြီး
" ကျေးဇူးပါပဲဗျာ … အားကိုးပါတယ် "
ဟု ပြောလိုက်သည် ။ ရဲအရာရှိက
" ဒါနဲ့ … အဲ့ဒီလူရဲ့ပုံစံကို မှတ်မိသလောက်လေးပြောပြလို့ရနိုင်မလားဗျ "
ဟု ထပ်မေးသဖြင့် မိမိဘေးတွင်ထိုင်နေသော ပန်း၏လက်ကို အသာဆုပ်ကိုင်လိုက်သည် ။ ပန်းက စဉ်းစားနေဟန်ဖြင့်
" ပုံစံကတော့ … "
ဟု စကားစနေစဥ် မိမိက နံရံတွင်ကပ်ထားသော ဖမ်းမမိသေးသည့်လူဆိုးများ၏ပုံကို လိုက်ကြည့်နေမိသည် … ။ ထိုသို့ကြည့်နေရင်း အကြည့်တို့က ရဲအရာရှိ၏အနောက်တွင်ကပ်ထားသော ပုံဆီသို့ ရောက်သွားသည် … ။ ပါးစပ်မှလည်း
" ဆရာ … အဲ့ဒီလူပဲ "
ဟု ပြောလိုက်မိကာ ရဲအရာရှိအား ဓာတ်ပုံကို လက်ညိုးထိုးပြလိုက်သည် … ။ မိမိပြသောပုံကို ရဲအရာရှိ က လှည့်ကြည့်ပြီးမှ
" ဒီလူဆိုရင်တော့ ကျွန်တော်တို့ပိုပြီးသေချာလုပ်မှဖြစ်တော့မယ် … ဒီလူက ကျွန်တော်တို့ရဲဘက်ကလည်းလိုချင်နေတဲ့ မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်လေ … လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ဒီလူ့သတင်းမရတော့တာ … အခု ဆရာတို့ဆီကရတဲ့အချက်တွေနဲ့ လိုက်ရှာကြည့်ရမယ် … ဒါနဲ့ ဆရာကတော် … ဆရာကတော်ပြောတဲ့လူက ဒီလူဟုတ်တာသေချာတယ်နော် "
ဟူ၍ ပန်းကိုမေးသည် ။ ပန်းက ခေါင်းညိတ်ပြသဖြင့်
" ဟုတ်ကဲ့ပါ … ကျွန်တော်တို့စုံစမ်းပြီး အကြောင်းထူးရင် အမြန်ဆုံးဆက်သွယ်လိုက်ပါ့မယ် "
ဟူသော စကားကို ရဲအရာရှိကပြောသည် ။ ထို့ကြောင့်
" ကျေးဇူးပါပဲဗျာ … အားကိုးပါတယ် "
ဟု နှုတ်ဆက်စကားဆိုပြီး ရဲစခန်းမှ ပြန်လာခဲ့လိုက်ကြသည် … ။
YOU ARE READING