အခန်း(၂)
[၁]
ရာကို ကောင်မလေးကို ပင်လယ်ကမ်းခြေတွင်ထားခဲ့ပြီး ကားကိုမောင်းထွက်လာခဲ့ပြီဖြစ်သော်လည်း စိတ်ထဲတွင် ပေါ့ပါးသွားခြင်းမရှိပဲ တစ်စုံတစ်ရာကို စိတ်ပူနေသည် ။ ထို့ကြောင့် ကားကို ပြန်လှည့်ကာ ပင်လယ်ကမ်းခြေဆီသို့ မောင်းလာခဲ့သည် ။
ပင်လယ်ကမ်းခြေဆီသို့ ရောက်သောအခါ ညနေစောင်းနေပြီဖြစ်၍ လူရှင်းနေသည် ။ ပင်လယ်ကမ်းစပ်ဆီသို့ ပြေးဆင်းလာကာ စောစောက မိန်းကလေးကို လိုက်ရှာသော်လည်း မတွေ့သဖြင့်
" ငါပဲစိတ်အပူလွန်နေတာလား "
ဟု တွေးလိုက်မိသည် ။ ဤသို့တွေးရင်း သေချာစေရန် ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ ရေနက်ပိုင်းဆီသို့ တရွေ့ရွေ့ဆင်းသွားသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည် ။
" ဟိုမိန်းကလေးလားမသိဘူး "
ဟု တွေးမိလိုက်သည်နှင့် ဝတ်ထားသောအဝတ်အစားများကိုချွတ်ကာ ရေထဲသို့ ပြေးဆင်းသွားလိုက်ပြီး ရေထဲမှမိန်းကလေး၏လက်ကို လှမ်းဆွဲလိုက်သည် ။ ထို့နောက်
" ဟေ့ မင်းဘာလုပ်တာလဲ "
ဟု မေးရင်း ထိုမိန်းကလေးကို ရေထဲမှအတင်းဆွဲတင်လိုက်သည် ။
သို့သော် .....
ထိုမိန်းကလေးက ပြန်မဖြေ ။" ဒါဝတ်ထား "
ဟု ပြောပြီး ကုတ်အင်္ကျီကို လွှမ်းခြုံပေးလိုက်သည် ။
[၂]
အာသာတစ်ယောက် စားသောက်ဆိုင်ထဲတွင်ထိုင်ကာ နာရီကိုကြည့်လိုက် အဝင်ဝကိုကြည့်လိုက်နှင့် စိတ်မောနေမိသည် ။ ချိန်းထားသောအချိန်ထက် တစ်နာရီကျော်ကျော်ကြာအောင် စောင့်ပြီးသောအခါ အိမ်ပြန်ရန် စားပွဲမှ ထလိုက်သည် ။ ထိုစဉ် ဝတ်ကောင်းစားလှဝတ်ဆင်ထားပြီး ခေတ်မှီသည်ထက်ကျော်လွန်နေသည်ဟု ဆိုနိုင်သော မိန်းကလေးတစ်ယောက်က မိမိထံသို့ အပြေးတစ်ပိုင်းလျှောက်လာသည် ။ အနားသို့ရောက်သည်နှင့် အင်္ဂလိပ်ဘာသာစကားဖြင့်
VOUS LISEZ