၂၁.
27 1 0
အခန်း(၂၁)
[၁]
အာသာ ပန်း၏ရုံးရှေ့တွင်ရပ်ကာ ပန်းထွက်အလာကို စောင့်နေမိသည်  ။ အချိန်အတော်ကြာအောင်စောင့်နေပြီးနောက် ပန်းအစား ပန်း၏သူငယ်ချင်းဖြစ်သူ သွယ်က ရုံးထဲမှထွက်လာပြီး မိမိဆီသို့လျှောက်လာသည်  ။ သွယ်က ပြုံးပြပြီး
" ကိုအာသာဦး  ပန်းကိုစောင့်နေတာထင်တယ်  ဒါပေမဲ့ ... ဒီနေ့ ပန်းကရုံးမလာဘူးရှင့် "
ဟု ပြောသည် ။ သွယ်၏စကားကြောင့် ရင်ထဲတွင် မွန်းကြပ်သွားရသော်လည်း သွယ်မရိပ်မိစေရန် ပြုံးလိုက်ပြီး
" ဟုတ်လား  ကျွန်တော်ကလာတယ်ထင်လို့ "
ဟု ပြောလိုက်သည်  ။ သွယ်က ဤစကားကို
" သွယ်က ကိုအာသာဦးစောင့်နေတာမြင်လို့လာပြောပြတာ  ဒါဆို .... သွယ်ပြန်အုံးမယ်နော် ကိုအာသာဦး "
ဟု တုံ့ပြန်ပြီး အနားမှထွက်သွားသည်  ။ ထို့ကြောင့် မိမိလည်း ပြန်ရန်ဆုံးဖြတ်လိုက်ကာ နောက်ဆုံးအနေနှင့် ရုံးထဲသို့ဝေ့ဝဲကြည့်လိုက်သည်  ။ ထိုစဉ် မလှမ်းမကမ်းတွင် ကားတစ်စီး ထိုးရပ်လာပြီး ကားပေါ်မှ ရာကိုကဆင်းလာသည်  ။ ရာကိုက မိမိကို မြင်ဟန်မတူပဲ ကားပေါ်မှဆင်းကာ ရုံးထဲသို့ ခပ်သွက်သွက်ဝင်သွားသည်  ။ သိပ်မကြာခင်မှာပင် ရာကိုက ပန်း၏လက်ကိုဆွဲကာ ရုံးထဲမှပြန်ထွက်လာသည်  ။ ထိုမြင်ကွင်းကိုကြည့်ကာ ရင်ထဲတွင်အောင့်သွားရသည်  ။ ထို့ကြောင့် ပန်းတို့ရှိရာဆီသို့ လျှောက်သွားလိုက်ပြီး ရာကို့ရှေ့တည့်တည့်တွင်ပိတ်ရပ်ကာ ရာကို့မျက်နှာကို လက်သီးနှင့်ထိုးလိုက်သည်  ။ ရုတ်တရက်ဖြစ်သည်ကတစ်ကြောင်း မိမိထက် ရာကိုက အနည်းငယ်လူကောင်သေးသည်ကတစ်ကြောင်းကြောင့် မိမိ၏လက်သီးချက်အောက်တွင် ရာကို့ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြစ်သွားသည်  ။ ရာကိုက ကွဲသွားသောနှုတ်ခမ်းမှထွက်လာသော သွေးများကို လက်ခုံဖြင့်ဖိသုတ်ပြီး
" ဟေ့လူ  ခင်ဗျား ဘာလုပ်တာလဲ "
မေးသည်  ။ အခြေအနေမဟန်တော့သောကြောင့် ရာကို၏မေးခွန်းကိုပြန်မဖြေပဲ ပန်း၏လက်ကိုကိုင်လိုက်သည်  ။ ထိုအခါ ရာကိုက ပန်း၏လက်ကို ကိုင်ထားသည့် မိမိလက်ကိုအတင်းဆွဲဖြုတ်ပြီး မိနိရင်ဘတ်ကို အားဖြင့်ဆောင့်တွန်းသည်  ။ ပြီးမှ