၁၂
336 12 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၂)
[၁]
လွန်း အာသာဦးနှင့်တွေ့ပြီး အိမ်ပြန်ရောက်ချိန်သည် ညနေလေးနာရီပင်မထိုးသေး … ။ ထို့ကြောင့် အဆောင်သို့မဝင်သေးပဲ ရာကို့အိမ်ဘက်သို့လာခဲ့လိုက်သည် … ။
သို့သော် .....
အိမ်ထဲတွင် ရာကို့ကိုမတွေ့ရ … ။ မီးဖိုချောင်ထဲရှိ စားပွဲပေါ်တွင် ပွရှုပ်နေသောပစ္စည်းများကိုသာ တွေ့ရသည် … ။
" အကုန်ဘယ်ရောက်နေကြပါလိမ့် "
ဟု စိတ်ထဲမှတွေးလိုက်ပြီး ရာကို့ကိုရှာရန် အပြင်ပြန်ထွက်လာစဥ် အပေါ်ထပ်မှဆင်းလာသော ရာကို့လက်ထောက်ဖြစ်သူ နေသန့်ကိုတွေ့ရသည် … ။ ထို့ကြောင့်
" ကိုနေသန့် … အစ်ကိုလေး အပြင်ထွက်သွားတာလား "
ဟု မေးလိုက်သည် … ။ မိမိ၏စကားကိုကြားသောအခါ နေသန့်က ထူးဆန်းသွားဟန်ဖြင့်
" အစ်ကိုလေးက နေမကောင်းလို့ဆေးရုံသွားတယ် … ပန်းမသိဘူးလား … ငါကပန်းပါလိုက်သွားတယ်ထင်လို့ "
ဟု ပြောသည် … ။ နေသန့်၏စကားဆုံးသောအခါထူပူသွားပြီး
" ဘယ်လိုဖြစ်တာလဲ … ဘယ်နေရာကနေမကောင်းတာတဲ့လဲ … ကိုနေသန့်ကရော ဘာဖြစ်လို့လိုက်မသွားတာလဲ "
ဟု မေးခွန်းများကို တရစပ်မေးလိုက်မိသည် … ။ နေသန့်က
" ဟိုကောင်ဘုန်း လိုက်သွားတယ် … ငါ့ကိုအိမ်စောင့်ထားခဲ့တာ … စောစောကငါဖုန်းဆက်တော့သက်သာနေပြီ ပြန်လာတော့မယ်လို့ပြောတယ် "
ဟု ပြန်ဖြေနေစဥ်မှာပင် ခြံထဲသို့ ကားဝင်လာသည့်အသံကို ကြားရသည် … ။ နေသန့်က
" ပြန်လာပြီထင်တယ် "
ဟု ပြောပြီး အိမ်အပြင်သို့ပြေးထွက်သွားသဖြင့် မိမိလည်း နေသန့်အနောက်မှ ပြေးလိုက်သွားလိုက်သည် … ။
[၂]
လွန်း အိမ်ပေါက်ဝသို​့ရောက်သောအခါ ဘုန်းရောင်နှင့်နေသန့်၏ပခုံးကိုအားပြု၍ ကားပေါ်မှဆင်းလာသော ရာကို့ကိုတွေ့ရသည် … ။ ထို့ကြောင့် မျက်ရည်ဝဲသွားပြီး