၂၂.
41 1 0
အခန်း(၂၂)
[၁]
လွန်း အာသာဦးနှင့်ရာကို ပြသနာထပ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် လက်ရှိအလုပ်မှထွက်ခဲ့သော်လည်း သွယ်နှင့်မူ အဆက်အသွယ်ရှိနေသေးသည် ။ ထို့ကြောင့် သြယ္က အလုပ်ကိစ္စနှင့်အပြင်သွားရန် ဖုန်းဆက်ခေါ်သည်ကိုမငြင်းပဲ သွယ့်အိမ်သို့ ထွက်လာခဲ့လိုက်သည် ။ သွယ့်ကို အိမ်တွင်ဝင်ခေါ်ပြီး သွယ့်အိမ်နှင့်မလှမ်းမကမ်းတွင်ရှိသော ဘတ်စ့်ကားမှတ်တိုင်ဆီသို့ သွယ်နှင့်အတူလာခဲ့လိုက်သည် ။ ထိုစဉ်
" လွန်း "
ဟု လှမ်းခေါ်လိုက်သောအသံကို ကြားရသည် ။ မိမိ၏ လွန်းဟူသည့်အမည်ကိုသိသူဟူ၍ သွယ်သာရှိသောကြောင့် လန့်ဖြန့်သွားပြီး ဘေးဘီဝဲယာသို့ ကြည့်လိုက်မိသည် ။ ထိုအခါ မိမိနှင့်ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေသောယွန်းကို တွေ့လိုက်ရသည် ။ မတွေ့ရသည်မှာကြာပြီဖြစ်သောယွန်းကို တွေ့လိုက်ရသောကြောင့် ဝမ်းသာသွားပြီး
" ယွန်း "
ဟု ခေါ်လိုက်သည် ။ ပြီးမှ
" နင်ဘယ်လိုဖြစ်လို့ဒီကိုရောက်လာတာလဲ ဒယ်ဒီတို့ မာမီတို့ရော နေကောင်းရဲ့လား "
ဟု မေးလိုက်သည် ။
သို့သော် ....
ယွန်းကပြန်မဖြေ ။ ရှုတည်တည်နှင့်
" အာသာဘယ်မှာလဲ လွန်း "
" သူကနင့်ကိုကြိုက်နေတာဆို နင်နဲ့ချစ်သူတွေလား "
ဟု မေးသည် ။
" ယွန်း ငါပြောပြ "
ဟု စကားစရုံသာရှိသေးသည် ။ ယွန်းက
" စကားတွေမရှည်နဲ့ လွန်း ငါမေးတာကိုပဲဖြေ "
ဟု ဒေါသသံဖြင့်ပြောသည် ။ ယွန်း၏အကြောင်းကို မိမိအသိဆုံးဖြစ်သောကြောင့် ယွန်း ဒေါသမထွက်လာခင် ခေါင်းကို ခပ်မြန်မြန်သာခါပြလိုက်သည် ။ ယွန်းက မိမိခေါင်းခါပြလိုက်သောအခါမှ
" အေး မဟုတ်ဘူးဆိုရင်လည်းပြီးရော အာသာ ကငါ့လူနော် ငါ့လက်ထဲကနေ သူ့ကိုလုလို့ကတော့ နင်သေပြီ လွန်း ပြီးတော့ ဒယ်ဒီတို့ မာမီတို့ နေကောင်းတယ် အကုန္လုံး နင့်ကိုမေ့နေကြပြီ အဲ့ဒီတော့ ငါတို့မျက်စိရှေ့မှာ ထပ်ပေါ်မလာနဲ့တော့ "