၁၃.
37 1 0
အခန်း(၁၃)
[၁]
ရာကိုနှင့်လွန်း အိမ်ပြန်ရောက်သောအခါ ခြံရှေ့တွင် ထွက်ရပ်နေသော ဒေါ်ကြည်ပြာ့ကိုတွေ့ရသည်  ။
" ဘာဖြစ်လို့ပါလိမ့် "
ဟု စိတ်ထဲမှတွေးလိုက်ပြီး စက်ဘီးကို ဒေါ်ကြည်ပြာ့ ရှေ့တွင်ရပ်လိုက်ကာ
" ကြီးမေ ဘာဖြစ်လို့လဲ "
ဟူ၍ မေးလိုက်သည်  ။ ဤမေးခွန်းကို ဒေါ်ကြည်ပြာက
" သားလေး ဧည့်သည်ရောက်နေတယ် "
ဟု ပြန်ဖြေသဖြင့်
" ဘယ်သူတဲ့လဲ "
ဟူ၍ မေးလိုက်သည်  ။
" အဲ့ဒါတော့ ကြီးမေမသိဘူး  အရေးကြီးကိစ္စလို့တော့ပြောတာပဲ "
ဟူသော အဖြေကို ဒေါ်ကြည်ပြာက ပြန်ပေးစဉ် ပန်းက
" ကဲ .... ကိုလေး  ဧည့်သည်စောင့်နေရတာကြာနေအုံးမယ်  သွားတွေ့လိုက်အုံး  ပန်းကိုစက်ဘီးပေးလိုက် "
ဟူ၍ ပြောပြီး မိမိထံမှစက်ဘီးကိုယူကာ ခြံထဲသို့ဝင်ရန်ပြင်သည်  ။ တစ်ဆက်ထဲမှာပင် ဒေါ်ကြည်ပြာ့ ကို
" ကြီးမေ  ပန်း နောက်ဖေးဘက်ကနေပဲဝင်လိုက်မယ်နော် "
ဟု ပြောသည်  ။ ဒေါ်ကြည်ပြာက ပန်း၏စကားကို ပြန်တုံ့ပြန်ပြီး မိမိကို
" လာ .... သားလေးလည်းအထဲဝင်တော့ "
ဟု ပြောသဖြင့် ခြံထဲသို့ ဝင်လာခဲ့လိုက်သည် ။
[၂]
" ကြီးမေ  ပန်းကချစ်စရာကောင်းတယ်မဟုတ်လား "
ရာကို ဒေါ်ကြည်ပြာနှင့်အတူ လမ်းလျှောက်လာရင်း ဤမေးခွန်းကို ရုတ်တရက်ထမေးလိုက်သောအခါ ဒေါ်ကြည်ပြာက
" ချစ်စရာကောင်းပါ့တော်  လိမ်လဲလိမ္မာတယ် .... ရုပ်ကလေးကလည်းလှတယ် .... စိတ်ကလေးကလည်းလှတယ် "
ဟု ပြန်ဖြေပြီး သဘောကျဟန်ဖြင့် ရယ်သောကြောင့်
" ပန်းကိုကျွန်တော်လက်ထပ်မယ်ဆိုရင် ကြီးမေ သဘောတူမယ်မဟုတ်လား "