ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၇)
[၁]
" ဟိုလူက ပန်းဆီဘာလာလုပ်တာလဲ "
ဟူသော မေးခွန်းကို ရာကိုက အချိန်အတော်ကြာသောအခါမှ မေးလာသောကြောင့် လွန်း ရာကို့မျက်နှာကို ခိုးကြည့်လိုက်ပြီး
" ဒီလိုပဲလမ်းကြုံလို့ဝင်လာတာတဲ့ … ဒါနဲ့ဘာဖြစ်လို့မေးတာလဲ … ကိုလေးက ပန်းကိုသဝန်တိုနေတာလား "
ဟု ပြန်မေးလိုက်သည် ။
" ပန်းကိုယုံပါတယ် … ဒီလိုပဲမေးကြည့်တာ "
ဟူသော အဖြေကိုပြန်ပေးသည့် ရာကို့မျက်နှာက တည်နေသောကြောင့် ရာကို့လက်ကို ဆုပ်ကိုင်လိုက်ပြီး
" အင်းပါ … ပန်း ကိုလေးစိတ်ပူရမဲ့ကိစ္စမျိုးဘယ်တော့မှမလုပ်ပါဘူး "
ဟု ပြောလိုက်သည် ။ ထိုအခါမှ ရာကို့မျက်နှာက ရွှင်လန်းလာပြီး
" အဲ့ဒါကြောင့် ချစ်နေရတာဆိုတာ "
ဟု ပြောကာ နှာခေါင်းကိုခပ်ဖွဖွညှစ်လာသည် … ။ ထို့ကြောင့် နှုတ်ခမ်းစူလိုက်ပြီး
" ကိုလေးနော် … ကလေးကိုဒီလိုပဲအနိုင်ကျင့်ရလား "
ဟု ပြောလိုက်သည် ။ ရာကိုက ဤစကားကို
" ကဲ ကလေး … ကျွန်တော်မျိုးတော့ဗိုက်ဆာတယ် … ကလေးရောဗိုက်ဆာလား "
ဟု တုံ့ပြန်သဖြင့် ခေါင်းညိတ်၍
" အင်း စားမယ် … ဒါပေမဲ့ ကိုလေးဝယ်ကျွေးမှာမဟုတ်လား "
ဟူသော စကားကိုပြောပြီးသည်နှင့် ရာကို့လက်မောင်းကို လှမ်းတွဲလိုက်သည် … ။
[၂]
လွန်း ရာကိုကားပေါ်မှဆင်းအလာကိုစောင့်နေရင်း ဘေးဘီဝဲယာသို့ အမှတ်တမဲ့ကြည့်လိုက်မိသောအခါ ရာကို့ကားဘေးတွင်ရပ်ထားသော ကားထဲမှလူက မိမိကို မမှိတ်မသုန်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည် … ။ ထို့ကြောင့် လန့်သွားပြီး ကားပေါ်မှဆင်းလာသောရာကို့လက်မောင်းကိုတွဲကာ ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည် ။ ရာကိုက
![](https://img.wattpad.com/cover/218172887-288-k383790.jpg)
YOU ARE READING