၂၃
361 9 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၂၃)
[၁]
ဘုန်းရောင် ရာကို့ကိုမတွေ့၍ပြေးလာသောအခါ မိမိတို့ကားနှင့် မလှမ်းမကမ်း ကြမ်းပြင်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့်လဲနေသော ရာကို့ကိုတွေ့လိုက်ရသည် … ။ ထို့ကြောင့်
" ရာကို "
ဟု ခေါ်ပြီး လဲနေသောရာကို့ကို ဆွဲထူလိုက်သည် … ။ ပါးစပ်မှလည်း
" ရာကို ရာကို … သတိထားအုံးလေ ဟေ့ကောင် "
ဟု တတွတ်တွတ်ရွတ်နေမိသည် ။ ပြီးမှ အနီးအနားတွင်ရှိသောလုံခြုံရေးဝန်ထမ်း ကြားနိုင်လောက်သည့် အသံဖြင့်
" ဒီမှာ … လူအရိုက်ခံရလို့ လာကြပါအုံး "
ဟု လှမ်းအော်လိုက်သည် … ။ မိမိ၏အသံကိုကြားသောအခါ အနီးအနားတွင်ရှိသောလူများက ပြေးလာကြသဖြင့်
" ကျွန်တော့်သူငယ်ချင်းကို ကူညီကြပါအုံး "
ဟု အော်လိုက်မိသည် … ။ ထိုစဉ် လူအုပ်ကြားထဲမှ လူတစ်ယောက်က
" ကားပါတယ်မဟုတ်လား … ဆေးရုံကိုမြန်မြန်ခေါ်သွား "
ဟု ဝင်ပြောမှ သတိဝင်လာကာ လူတစ်ယောက်၏အကူအညီဖြင့် ရာကို့ကို ကားပေါ်သို့တင်လိုက်သည် … ။
[၂]
လွန်း ကုတင်ပေါ်တွင်လှဲကာ ဖြည်းညှင်းစွာအသက်ရှူနေရသော ရာကို့ကိုကြည့်ကာ သက်ပြင်းချမိသည် … ။ ထို့နောက် ရာကို့ဘေးတွင်ထိုင်နေသော ဘုန်းရောင် ကို လှမ်းကြည့်လိုက်ကာ
" ကိုလေး အဆင်ပြေပါ့မလား အစ်ကို … သတိလစ်နေတာလဲကြာပြီ "
ဟု မေးလိုက်သည် … ။ ဘုန်းရောင်က
" မစိုးရိမ်ရဘူးလို့ပြောတာပဲ … သတိလစ်နေတာက ရထားတဲ့ဒဏ်ရာတွေကများနေတော့ နိုးလာရင်နာမှာစိုးလို့ အိပ်ဆေးထိုးထားပေးတာတဲ့ "
ဟု အဖြေပြန်ပေးသဖြင့်
" ဘယ်လိုဖြစ်တာလဲ အစ်ကိုရယ် "
ဟူ၍ ခပ်ညည်းညည်းမေးလိုက်သည် … ။ ဘုန်းရောင်က
" ငါလဲမသိဘူး ပန်းရယ် … သူ့မှာရန်ငြိုးရန်စလဲမရှိပါဘူး … လုပ်ကြံရအောင်ကလည်း သူကပြည့်ဖြိုးအုပ်စု ပိုင်ရှင်မှန်းဘယ်သူမှမသိကြဘူး … ဒီနေ့လည်း ငါက သူ့အစား ရင်းနှီးမြုပ်နှံသူကိုတွေ့ပေးတာ … သူကအဲ့ဒီလူကို ကားပါကင်ဆီလိုက်ပို့တာတော်တော်ကြာနေလို့ ငါထွက်ကြည့်တော့ အပြင်မှာလဲနေတာတွေ့တာပဲ "