ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၀)
[၁]
လွန်း ယနေ့ညတွင် ခါတိုင်းကဲ့သို့ စောစောအိပ်ရာမဝင်ပဲ ညတိုင်းကြားနေရသည့် ဂစ်တာသံပိုင်ရှင်ကို စောင့်မျှော်နေမိသည် … ။ ဤသို့ စောင့်နေပြီး သိပ်မကြာခင်မှာပင် ခြံရှေ့မှဂစ်တာသံကို စတင်ကြားရသည် … ။ ထို့ကြောင့် အခန်းထဲမှ အသံမထွက်အောင် ခြေဖော့နင်းပြီး ဝရန်တာသို့ထွက်လာခဲ့လိုက်သည် … ။ ထိုအခါ အာသာဦးဟူသည့်လူက သူငယ်ချင်းဟုထင်ရသော လူတစ်ယောက်နှင့်အတူထိုင်ကာ ဂစ်တာတီးပြီး သီချင်းတစ်ပုဒ်ကိုဆိုနေသည်ကို တွေ့ရသည် ။ ထို့ကြောင့်
" သြော် … သူကိုး "
ဟု ရေရွတ်ကာ အာသာဦးမမြင်ရမှန်းသိသော်လည်း မျက်စောင်းထိုးလိုက်ကာ အိမ်ထဲသို့ဝင်ရန်ပြင်လိုက်သည် … ။ ထိုစဉ် ရာကို့အိမ်ဘက်မှ ဝရန်တာမီးလင်းလာပြီး ဝရန်တာသို့ ရာကိုက ထွက်လာသည် … ။ ဝရန်တာတွင် မိမိရပ်နေသည်ကို ရာကိုမြင်သွားလျှင် အာသာဦးနှင့် အထင်လွဲမည်စိုးသောကြောင့် အမှောင်ထဲတွင်ပင်ရပ်၍ ရာကို့ကို ငေးနေလိုက်သည် … ။ ရာကိုက အချိန်အတော်ကြာသည်အထိ ဝရန်တာတွင်ရပ်ကာ အာသာဦး၏ လှုပ်ရှားမှုများကို ငေးကြည့်နေသည် … ။ ထို့နောက် တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သက်ပြင်းချကာ အိမ်ထဲသို့ပြန်ဝင်သွားသည် … ။ ထို့ကြောင့် မိမိလည်း အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် … ။
[၂]
" ချစ်တယ် မချစ်ဘူး … ချစ်တယ် မချစ်ဘူး … ချစ်တယ် "
ရာကို ခြံထဲရှိဒန်းပေါ်တွင်ထိုင်ကာ လက်ထဲတွင်ကိုင်ထားသော နှင်းဆီပွင့်လေးမှ ပွင့်ဖတ်များကို ခြွေချကာ တစ်ယောက်ထဲရေရွတ်နေခြင်းဖြစ်သည် … ။ ဤသို့ထိုင်နေစဉ်မှာပင် ပန်းက လက်ဆွဲခြင်းလေးကိုကိုင်လျက် ခြံထဲဝင်လာသဖြင့် ပန်းကို အမှတ်တမဲ့ငေးကြည့်လိုက်မိသည် ။ ဤသည်ကို ပန်းကတွေ့သွားပြီး လှမ်းပြုံးပြသည် … ။ ပန်းက လှမ်းပြုံးပြသဖြင့် မိမိလည်းပန်းကို ပြန်ပြုံးပြလိုက်သည် … ။ ထိုစဉ် ရင်ဘတ်မှ အမျိုးအမည်မသိသော ဝေဒနာတစ်ခုကို ခံစားလိုက်ရသည် ။ ထို့ကြောင့် လေကိုဝဝရူသွင်းလိုက်ကာ တဒိတ်ဒိတ်ခုန်နေသောရင်ဘတ်ကို လက်ဖြင့် အသာဖိထားလိုက်မိသည် … ။ တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိရင်ခုန်သံမြန်နေသည့်အချိန်တွင် ပန်းက အနားသို့ရောက်လာပြီး
ESTÁS LEYENDO