၁၆.
35 1 0
အခန်း(၁၆)
[၁]
ရာကိုတစ်ယောက် ရာကို့မိခင်ဟုဆိုသော အမျိုးသမီး ပြန်သွားသည့်နေ့ကစပြီး အလုပ်ကိစ္စများကို ဘုန်းရောင်နှင့်နေသန့်ကိုလွှဲထားပြီး ဒေါ်ကြည်ပြာ့ကိုရော လွန်းကိုပါအတွေ့မခံပဲ တစ်နေကုန်အခန်းထဲတွင်သာ အောင်းနေသည်  ။ အခန်းထဲသို့ မည်သူ့ကိုမှအဝင်မခံသဖြင့် ဒေါ်ကြည်ပြာက အစားအသောက်များကို အခန်းရှေ့တွင်ဗန်းဖြင့်ထည့်ကာ ခုံတစ်လုံးဖြင့် ထားခဲ့ပေးရသည်  ။ ရာကိုက တစ်ခါတစ်ရံထွက်ယူတတ်သော်လည်း တစ်ခါတစ်ရံ ထိုအစားအစာများကို ထိပင်မထိပေ  ။ ထိုသို့ ရာကိုစိတ်ဆင်းရဲနေရသည်ကို မကြည့်ရက်သော်လည်း မတတ်နိုင်သဖြင့် ရာကိုစိတ်ပြေမည့်အချိန်ကိုသာ စောင့်နေရသည်  ။
သို့သော် ....
ဆက်မစောင့်နိုင်တော့သဖြင့် ဒေါ်ကြည်ပြာ့ကို
" ကြီးမေ  ကိုလေးရဲ့အမေက အဲ့ဒီလောက်တောင်ဆိုးလားဟင် . ကိုလေးကဘာဖြစ်လို့အဲ့ဒီလောက်တောင်စိတ်ဆိုးရတာလဲဟင် "
ဟု မေးမိသည်  ။ ဤမေးခွန်းကို ဒေါ်ကြည်ပြာက သက်ပြင်းရှိုက်ပြီး
" ဘာဖြစ်လို့အဲ့ဒီလောက်တောင်စိတ်ဆိုးရတာလဲဆိုတော့ သားလေးကိုသူ့အမေက သူငါးနှစ်သားမှာ ပစ်ထားခဲ့လို့ "
ဟု ပြန်ဖြေသည် ။ ဒေါ်ကြည်ပြာ့အဖြေကိုကြားလိုက်သောအခါ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်  ။ ဒေါ်ကြည်ပြာကဆက်၍
" သားလေးအမေက ဒီအိမ်ကဆရာနဲ့အိမ်ထောင်မကျခင်က ပထမအိမ်ထောင်ရှိခဲ့တယ်  အဲ့ဒီပထမယောက်ျားနဲ့ကွဲသွားတဲ့အချိန်မှာ ဆရာနဲ့ယူခဲ့ကြတာ  ယူပြီးသိပ်မကြာဘူး သားလေးကိုကိုယ်ဝန်ရတယ်  သားလေးကိုမွေးပြီးတဲ့နောက်ပိုင်း သူ့အမေခြေလှမ်းတွေပျက်နေတာကို ဆရာကရိပ်မိခဲ့တယ်  ဒါပေမဲ့ သားလေးအမေမရှိပဲကြီးပြင်းရမှာစိုးလို့ဘာမှမပြောခဲ့ဘူး  အဲ့ဒီလိုနဲ့ သားလေးငါးနှစ်သားမှာ သူ့အမေက ပထမအိမ်ထောင်နဲ့ပြန်ပေါင်းခဲ့တယ်  ဆရာနဲ့လည်းကွာရှင်းခဲ့တယ်  ဆရာက သားလေး ဆယ့်ငါးနှစ်သားမှာ သားလေးကိုယူကေကိုပို့ခဲ့တယ်  အခုမှ သားလေးကပြန်လာတာ "