373 14 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၉)
[၁]
" အစ်ကိုလေး … လေ့ကျင့်ခန်းလာလုပ်တာလား "
ဟူသော လွန်း၏မေးခွန်းကို ရာကိုက
" မဟုတ်ဘူး … အိပ်မပျော်လို့ထွက်လာတာ … ပန်းကရော "
ဟု ပြန်ဖြေရင်း မေးခွန်းပြန်ထုတ်သည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
" ပန်းက ဒီနေ့မှစလုပ်တာ "
ဟု ပြောလိုက်သည် ။ ရာကိုက ဤစကားကို
" သြော် … ဒါဆိုပြန်ကြရအောင် "
ဟု ပြန်တုံ့ပြန်ပြီး ပန်းခြံထဲမှထွက်ရန် ဟန်ပြင်သောကြောင့်
" ရှင် "
ဟု ရေရွတ်လိုက်သည် ။ ရာကိုက
" ပြန်ကြရအောင် … မနက်လေးနာရီမှာ မိန်းကလေးတစ်ယောက်ကို အပြင်မှာတစ်ယောက်ထဲထားခဲ့ရမှာ ကျွန်တော်စိတ်မချဘူး "
ဟု ပြန်ပြောသောကြောင့် ရင်ထဲတွင်နွေးထွေးသွားရသည် … ။ ထို့ကြောင့်
" ဟုတ် "
ဟု ပြန်ဖြေပြီး ပန်းခြံထဲမှထွက်သွားသော ရာကို့ အနောက်မှ အပြေးလေးလိုက်လာခဲ့လိုက်သည် … ။ ရာကိုက အရှေ့မှဦးဆောင်ကာ လျှောက်နေခြင်းဖြစ်သောကြောင့် ရာကို့အနောက်မှ အသာကပ်လိုက်လာရင်း ရာကို့ကျောပြင်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည် … ။ ရာကိုက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ
" ပန်း … ကျွန်တော်တို့မနက်စာသွားစားရအောင် … ကျွန်တော်ဝယ်ကျွေးမယ် "
ဟု စကားစသည် … ။
" ဟုတ် … အစ်ကိုလေးသဘော "
ဟု ပြန်ဖြေလိုက်သောအခါ
" ဒါဆို … ဟိုဘက်လမ်းကူးရအောင် … လာ "
ဟု ပြောပြီး တစ်ဖက်လမ်းသို့ သွက်လက်စွာကူးသွားသဖြင့် ရာကို့အနောက်မှ လိုက်ကူးရန်ပြင်လိုက်သည် … ။ ထိုစဉ် စူးရှသောအလင်းရောင်ကြောင့် မျက်လုံးများပြာဝေသွားပြီး လက်မောင်းတစ်ဖက်ကို တစ်စုံတစ်ယောက်က အားဖြင့်ဆွဲလိုက်သကဲ့သို့ဖြစ်သွားကာ ကားလမ်းမပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားသည် … ။ ဖြစ်ပျက်သွားသော အဖြစ်အပျက်များက ရုတ်တရက်ဖြစ်သောကြောင့် နားလည်နိုင်အောင် ဦးဏှောက်ကိုအလုပ်ပေးနေစဥ်