ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၇)
[၁]
လွန်း ဆေးပုလင်းယူပြီး ရာကို့အခန်းထဲဝင်လာသောအခါ ရာကိုက အိပ်ရာထဲတွင်ကွေးနေသည် … ။ အခန်းဝမှနေ၍ ချောင်းဟန့်ပြီး
" အစ်ကိုလေး "
ဟု လှမ်းခေါ်လိုက်သောအခါ မျက်လုံးဖွင့်ကြည့်ပြီး
" ပန်းလား "
ဟူ၍ မေးသည် … ။ ရာကို့အနားသို့ လျှောက်သွားလိုက်ပြီး
" သက်သာရဲ့လားဟင် "
ဟု မေးလိုက်သောအခါ ရာကိုက လျှာထုတ်ပြလိုပြီး
" ကြီးမေသိသွားပြီလား "
ဟု မေးသည် … ။ ထို့ကြောင့် ခေါင်းခါပြလိုက်ပြီး
" ပန်း အစ်ကိုလေးကိုပြောသားပဲ "
ဟု ခပ်တိုးတိုး ပြောလိုက်သည် … ။ ရာကိုက နားရွက်နှစ်ဖက်ကိုဆွဲပြီး
" အင်းပါ … ကျွန်တော်တောင်းပန်ပါတယ် "
ဟု ပြောကာ တောင်းပန်သဖြင့် ရယ်လိုက်ပြီး
" ပန်း အစ်ကိုလေးကိုဆေးတိုက်ဖို့လာတာ … ထပြီး ဒါလေးသောက်လိုက် "
ဟူ၍ ဆိုကာ ဆေးပုလင်းထဲမှဆေးနှစ်လုံးကိုထုတ်ကာ ရာကို့ကိုအိပ်ရာမှထခိုင်းလိုက်သည် … ။ ရာကိုက အိပ်ရာမှလူးလဲထပြီး ဆေးကိုယူသောက်သဖြင့်
" ဒါဆို … ပန်း သွားတော့မယ် "
ဟု ပြောလိုက်သည် ။ ထိုအခါ ရာကိုက ခေါင်းငုံ့ပြီး
" သွားတော့မှာလား … ပန်းကို အနားမှာရှိစေချင်ပါတယ်ဆိုမှ "
ဟု ခပ်တိုးတိုးပြောသဖြင့်
" အစ်ကိုလေး … ပန်း ဘာလုပ်ပေးရအုံးမလဲ "
ဟူ၍ မေးလိုက်သည် … ။ ရာကိုက ဝမ်းသာသွားဟန်ဖြင့်
" ပန်းက တကယ်လုပ်ပေးမှာလား "
ဟု မေးသောကြောင့် ခေါင်းညိတ်လိုက်ပြီး
" ဒါပေါ့ "
CITEȘTI