၁၉
302 8 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၉)
[၁]
ထမင်းစားပွဲပေါ်တွင် ပန်းကန်လုံးတစ်လုံးကိုတင်ကာ ထိုပန်းကန်လုံးထဲမှ မည်သည့်အရာမှန်းမသိသောအရာများကိုမွှေနေသောပန်းကို ရာကို
" ပန်း ဘာတွေလုပ်နေတာလဲ "
ဟု မေးလိုက်သည် ။ မိမိ၏အသံကိုကြားသောအခါ ပန်းက လှည့်ကြည့်ပြီး
" ကြီးမေကိုမျက်နှာပေါင်းတင်ပေးမလို့ "
ဟု ရယ်ကြဲကြဲဖြင့် ပြန်ဖြေသည် … ။ ထို့ကြောင့် အံ့သြသွားပြီး
" ကြီးမေက မျက်နှာပေါင်းတင်မလို့ "
ဟု ပန်း၏စကားကို သံယောင်လိုက်ပြောလိုက်သည် ။ ပန်းက ကြောင်နေသောမိမိ၏လက်ကိုဆွဲကာ
" ကိုလေးရောပေါင်းတင်မလား … ပန်း လုပ်ပေးမယ် "
ဟု ပြောပြီး မိမိကို ဧည့်ခန်းထဲအထိဆွဲခေါ်သည် … ။ ဧည့်ခန်းထဲသို့ရောက်သည်နှင့် 
" ခဏလေးနေအုံး ကိုလေး … ပန်း ကြီးမေကိုအရင်လုပ်ပေးလိုက်အုံးမယ် "
ဟု ပြောပြီး ကြမ်းပြင်ပေါ်တွင်လှဲနေသော ဒေါ်ကြည်ပြာ၏မျက်နှာပေါ်သို့ ပန်းကန်လုံးထဲမှစေးပျစ်ပျစ်အရည်များကို မိတ်ကပ်လိမ်းသည့်စုတ်တံလေးဖြင့် သုတ်ပေးနေသည် … ။ ကြည့်ကသည်မှာမကောင်းသလို အနံ့ကလည်းမကောင်းသဖြင့်
" ပန်း … အဲ့ဒါဘာတွေလဲ "
ဟု မေးလိုက်သည် ။
" ပျားရည်နဲ့သံပုရာသီးနဲ့ … ပြီးတော့ တခြားဟာတွေပါသေးတယ် "
ဟူသော အဖြေကိုရသောကြောင့်
" ပျားရည်နဲ့သံပုရာသီးနဲ့ ရောသောက်တာပဲကြားဖူးပါတယ် … ဒါနဲ့ .... အဲ့ဒါတွေကိုမျက်နှာမှာသုတ်တော့ ပုရွက်ဆိတ်မကိုက်ဘူးလား "
ဟု ထပ်မေးလိုက်သည် ။ ပန်းက
" ဟာ ကိုလေး … ငြိမ်ငြိမ်နေကွာ "
ဟု ပြောပြီး ထိုင်နေသော မိမိမျက်နှာကို ဒေါ်ကြည်ပြာ့ကိုလိမ်းပေးနေသည့်စုတ်တံလေးဖြင့် လှမ်းသုတ်သည် … ။ အချိန်မှီရှောင်လိုက်သော်လည်း ပန်းကဦးသွားသဖြင့်