၁၁
346 11 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၁)
[၁]
လွန်း ရုံးဆင်းသောအခါ ရုံးရှေ့၌ အာသာဦးကို တွေ့လိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည် … ။ အာသာဦးက ကားကိုမှီ၍ ရပ်နေရာမှ မိမိကိုမြင်သောအခါ ပြုံး၍ လက်လှမ်းပြသည် … ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး အာသာဦးရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည် … ။ အာသာဦးက အနားသို့ရောက်လာသောမိမိကို
" ပန်း ရုံးဆင်းပြီလား "
ဟု မေးသဖြင့် ခေါင်းညိတ်ကာ
" ဟုတ် … ကိုအာသာဦးကရော .... ဒီကိုဘာလာလုပ်တာလဲဟင် "
ဟူ၍ မေးလိုက်သည် … ။ မိမိ၏စကားဆုံးသောအခါ အာသာဦးကခေါင်းကုတ်ပြီး ရယ်ကြဲကြဲဖြင့်
" ပန်းကိုတွေ့ချင်လို့လာတာ "
ဟု ပြောသည် … ။ ပြီးမှ
" ကျွန်တော့်ကို ဒီအတိုင်းလွတ်လွတ်လပ်လပ်အာသာလို့ပဲခေါ်ပါ "
ဟု ဆက်ပြောသည် ။ အာသာဦး၏စကားအဆုံးတွင် တမင်တကာ အာသာဦးမြင်အောင် အာသာဦးကို မျက်စောင်းထိုးလိုက်သည် … ။
သို့သော် .....
အာသာဦးက မသိချင်ယောင်ဆောင်ပြီး
" ပန်း အိမ်ပြန်မယ်မဟုတ်လား … လိုက်ပို့မယ်လေ "
ဟု ပြောပြန်သည် … ။ ဥပါယ်တံမျဉ်ဖြင့် အာသာဦး၏ဖိတ်ခေါ်မှုကို
" ပန်းကဒီကနေပြန်ရင် မနက်ဖြန်အစည်းအဝေးအတွက်ပြင်ဆင်စရာတွေရှိသေးတယ် … အိမ်မပြန်သေးဘူး … ပြီးတော့ သူငယ်ချင်းလည်းပါသေးတယ် ကိုအာသာဦးရဲ့ "
ဟု  ငြင်းလိုက်သည် … ။ အာသာဦးက ဤစကားကိုအလိုမကျဟန်ဖြင့် စူးစိုက်ကြည့်နေစဥ်မှာပင်
" ပန်း … သွားရအောင်လေ ..... လုပ်စရာတွေရှိသေးတယ် "
ဟူသော သွယ့်အသံစာစာကို ကြားလိုက်ရသဖြင့်
" ကဲ .... ကိုအာသာဦး … ပန်း သွားလိုက်အုံးမယ် "
ဟု နှုတ်ဆက်ပြီး နေရာမှခွာရန် ပြင်သော်လည်း အာသာဦးက အသွားမခံပဲ မိမိလက်ကို အတင်းဆွဲထားသည် … ။ ထို့ကြောင့်