Part(2) Zawgyi

1.2K 8 0
                                    

အစည်းဝေးလုပ်နေကြသောကြောင့် ရုံးခန်းမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။

"မိုးကြိုးနှစ်လွှာဂိုဏ်းက ငါတို့ရဲ့ အတွင်းသတင်းတွေကို ကြိုသိနေတယ်။ငါတို့အဖွဲ့ထဲမှာ သစ္စာဖောက်တယောက်ရှိနေတာ သေချာတယ်"

ဦးအဏ္ဏဝါသိန်းမောင်သည် စားပွဲပေါ်လက်ထောက်လျက်လူရုံများကို ပြောနေသည်။

"လူသစ်က ဘယ်‌ကောင်လဲလဲ"

ဦးအဏ္ဏဝါသိန်းမောင်၏ ဘေးမှ ကိုယ်ရံတော် ဦးဘထင် က မာန်ပါပါဖြင့်ပြောလိုက်သည်။ခွန်းမြတ်ကိုလည်း မျက်စိလှန်ကာ တရားခံမျက်လုံးတို့ဖြင့်ကြည့်နေသေးသည်။

ခွန်းမြတ်တယောက် ထပဲ ထလိုက်ရမှာလား ၊ထိုင်လျက်သားပဲ နေရမလား မဝေခွဲတတ် နောက်ဆုံးတွင် ခွန်းမြတ် ဆုံးဖြတ်ချက် ချကာ ထလိုက်သည်။

"ကျနော်ပါ"

ခွန်းမြတ်သုတပိုင်က ထဖြေသည်။

ဦးအဏ္ဏဝါသိန်းမောင်သည် သေနတ်ဖြင့် ခွန်းမြတ်၏ နှဖူးကို ချိန်ထားလိုက်သည်။ခွန်းမြတ် အနည်းငယ်တော့ ထိတ်သွားသည်။သေနတ်ပြောင်းဝက သူ၏ နှဖူးနဲ့ ကွက်တိလေ ၊သေဘကို မကြောသည့် သူက ရှိမည်တဲ့လား။

"ဒယ်ဒီ ခွန်းမြတ်က သစ္စာဖောက်တယောက်မဖြစ်နိုင်ဘူး။ဦးဘထင် လျှာရိုးမရှိလျောက်ပြောနေတာ"

အဏ္ဏဝါကကြားဖြတ်ကာ သူ၏အဖေ၏ လက်ထဲမှ သေနတ်ကို ဘေးသို့တွန်းပြီး ဒေါသသံဖြင့်ထဖြေသည်။

"လာ ခွန်းမြတ်..."

အဏ္ဏဝါသည် ခွန်းမြတ်၏ လက်ကို ဆွဲလျက် အစည်းဝေးအခန်းထဲမှ ထွက်လာခဲ့သည်။

"ဂျိမ်း!!!"

ရုံးခန်းတခါးကို အားပါပါဖြင့်ဆွဲပိတ်ကာ ထွက်လာလိုက်သည်။

ရုံးခန်းဘေးမှ ရေကန်ကြီးနားသို့ ဆွဲကာခေါ်လာသည်။

"ငါ့လက်ကို လွှတ်တော့....."

ခွန်းမြတ်သည် အဏ္ဏဝါလက်ထဲမှ သူ၏လက်ကို ခါထုတ်လိုက်သည်။တင်းကြပ်စွာ ဆုပ်ကိုင်ထားသော်လည်း။ခွန်းမြတ်၏ အားပါပါဆွဲရုန်းလိုက်မှုကြောင့် လွတ်လာသည်။

Strong heartbeat [ COMPLETE ]Where stories live. Discover now