Part (29) Uni

1.3K 32 0
                                    

"ဒါဘယ်လဲ ခွန်းမြတ် "

"ငါ့ ပါပါကို သူ့သားမက်နှင့်သွားတွေ့ပေးမလို့
စီစဉ်နေတာ "

ခွနမြတ်က ရယ်ကျ‌ဲကျဲဖြင့်ဆိုလေ၏။

"ဖြစ်ပါ့မလား ၊ ငါတော့ မျက်ခမ်းစပ်တွေ လှုပ်ကုန်ပြီ "

ခွန်းမြတ်မှာ သူ၏ပါပါပို့လိုက်သော စာအိတ်ကို လက်တွင်ကိုင်ကာ အဏ္ဏဝါနှင့် အတူစာအိတ်ကို လက်တွင်ဆွဲလျက် ထွက်လာခဲ့ကြသည်။

"ငါ့ဆိုင်ကယ်သွားထုတ်မယ် "

FZအနက်ပေါ်တွင် အဏ္ဏဝါ၏ ခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားပြီး လာခဲ့ကြချေသည်။တိုးဝှေ့လာသောလေပြင်းတို့ကြားတွင် တလွင့်လွင့်ဖြင့်လိုက်ပါလာခဲ့ပြီ။

"အဏ္ဏဝါ "

"ပြောလေ.... "

အလုံပိတ်ထားသော ဆိုင်ကယ်စီးဦးထုပ်ကြောင့် ခပ်ကျယ်ကျယ် သာအော်ပြောရ၏။

"ငါရေခဲချောင်းစားချင်တယ် "

အဏ္ဏဝါမှာ လမ်းဘေးမှ စင်တာတစ်ခုရှေ့တွင် ရပ်လိုက်သည်။ပကာသနတို့ မပါစွာဖြင့် ရိုးရှင်းစွာသာ ဝတ်ဆင်ထားကြသည်။

"ငါ့တို့ လက်တွဲထားကြရအောင်"

အဏ္ဏဝါက ခွန်းမြတ်၏ လက်ကို ချိတ်လျက် စင်တာထဲသို့ ဝင်လာခဲ့ကြသည်။

"ဖြစ်ပါ့မလား ၊
လူတွေကြည့်နေကြပြီ ငါမနေတတ်တော့ဘူး "

"အံမယ် ၊ ကိုယ့်ရည်စားလက်တွဲထားတာရှက်ရာလား?"

"တွဲကွာ "

အဏ္ဏဝါရော ခွန်းမြတ်ရော တစ်ယောက်၏လက်ကို တစ်ယောက်ချိတ်လျက် ရေခဲမုန့်ဆိုင်ဘက်သို့ ရောက်လာကြပြီ။

"ရေခဲမုန့်တစ်ခုပေးပါ ဦးလေး "

"တစ်ခုထဲလား "

ခွန်းမြတ်က မျက်လုံးကို ပင့်တင်သယောင်ပြုကာလှမ်းမေးတော့

" ရေခဲမုန့်ရပါပြီ "

ဆိုင်ရှင်ထံမှ ရေခဲမုန့်ကို ယူကာ ငွေရှင်းခဲ့ပြီး ဆိုင်ကယ်ရှိရာသို့သာ လျှောက်လာခဲ့ကြ၏။ပိန်းဥအရသာ ရေခဲမုန့်ခွက်ကတော့ ခွန်းမြတ်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်။တစ်ခါတစ်ခါဆိုလျှင် ခွန်းမြတ်က ရေခဲမုန့်နံ့ကို ကလေးတစ်ယောက်ကဲ့သို့ ရှူတတ်သေး၏။

Strong heartbeat [ COMPLETE ]Where stories live. Discover now