Part (22) Uni

924 20 0
                                    

သိမ်းစရာရှိသည်တို့ကိုသိမ်းပြီး ခရီးဆက်ရပြန်ပေအုမ်းမယ်။ကျောက်ဖျာအောက်မှစီးနေသော တောင်ကျချောင်းရေ ခပ်အေးအေးရယ် ၊ ကျောခင်းခဲ့သည့် ကျောက်ဖျာချယ်ရယ်ကိုတော့ စွန့်ခွာလာခဲ့ကြရပြီ။ထမ်းသယ်စရာဝန်တို့ကလည်း ပခုံးပေါ်တွင် ပေါ့သလောက်ရှိနေပါ၏။ခရီးလမ်းမှာလည်း တဝက်ကြိုးစ ပြုခဲ့ချေပြီ။

"ခွန်းမြတ် "

အဏ္ဏဝါက ခွန်းမြတ်၏ လက်ကို လှမ်းတွဲထားလိုက်သည်။

"ငါမင်းကို လက်တွဲထားချင်လို့ "

ခွန်းမြတ်မှာ ပြုံးရုံသာပြုံးပြပြီး ဘာမှ ဆက်မပြောတော့ ။ အဏ္ဏဝါ၏ ခပ်နွေးနွေးလက်တစ်စုံကိုသာ ဆုပ်ကိုင်ပြီး ခရီးဆက်စပြုခဲ့၏။

မြက်ရိုင်းတောတဲသို့ တိုးဝင်စပြုခဲ့ကြချေပြီ။ ရှည်လျားလှသောမြက်ရိုင်းတို့က လူတစ်ရပ်စာခန့်ပင်။ရှေ့မှ ဓားရှည်ဖြင့် ရမ်းပေးသော တံတိုင်းကြောင့်သာ သွားလမ်းဖြောင့်ရ၏။

"ဒဏ်ရာက အဆင်ပြေလား တံတိုင်း "

ထင်မဏိ၏ အသံကား မတိုးမလျော့ အနေအထားတစ်ခုပင်။

"အင်း ..၊ ငါအဆင်ပြေပါတယ် "

မြက်ရိုင်းတောကိူ ဓားဖြင့်ရမ်းလျက်သာ ဆို၏။မြေပုံထဲတွင်ပါနေသော မြက်ရိုင်းတောကိုကား ရောက်စပြုခဲ့ရပြီ။ ခွန်းမုတ်မှာလည်း သံလိုက်အိမ်မြှောင်ကို လည်မှာဆွဲလျက်။

ချစ်သူ့၏ လက်ကိုတွယ်ဖက်
ဘဝခရီးကြမ်းထွက်နေရသည်တောင်
အချစ်ခရီးထွက်နေရပုံနှယ်.....

"အားတင်းထာနော် ၊ဒီခရီးပြီးရင် ငါတို့မှာ ပျော်စရာတွေပဲတန်းစီနေမှာ အချစ်ရဲ့ "

ပြုံးရွှင်ရွှင်ပြောနေသော အဏ္ဏဝါ၏ စကားတို့ကြောင့် ခွန်းမြတ်မှာ အားပြည့်ရစမြဲ။"မောနေရင်တောင် မင်းလက်ကို ဆွဲထားရလို့ ရင်ထဲမှာမောနေတဲ့ အမောက တစ်ဝက်ပြေတယ်ဟုသာ။

"ဟိုး.!!!"

တံတိုင်းမှာ တုန့်ခနဲရပ်ချလိုက်၏။ ‌မြက်ရိုင်းတောအဆ‌ံုးတွင်တော့ ပြိုကျနေသော ကမ်းပါးရံတစ်ခု။ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်းကွာဟနေသည်က ကြားထဲတွင် ခပ်လတ်လတ်တံတား တစ်စင်းစာခန့်ပင်။

Strong heartbeat [ COMPLETE ]Where stories live. Discover now