တံတိုင်း ဖျင်လွယ်အိတ်တစ်လုံးလွယ်ပြီး ရွာလည်ခေါင်အတိုင်းလျောက်လာနေသည်။မျက်ကွင်းတဖက်မှာတော့ အညိုကွင်းက မပျောက်လှသေး။မနေ့က အဏ္ဏဝါနှင့် ခွန်းမြတ်က ပြောစရာရှိတယ်ဆိုပြီးပြောမသွားသေးပဲ မနက်ဖြန်မှ သူတို့အိမ်ကိုလာခဲ့ဆိုပြီး ပြောသွားသောကြောင့် တံတိုင်း လိုက်လာရခြင်းဖြစ်သည်။
တံတိုင်းက အိမ်ရှေ့ရောက်တော့
"ဟိတ်ကောင် တွေ "
ခြံပေါက်ဝမှ လှမ်းအော်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
"တံတိုင်းလာကွာ အထဲဝင်ခဲ့ "
အဏ္ဏဝါက တံတိုင်းကို အထဲသို့ ခေါ်တော့ တံတိုင်းက အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။ အိမ်ရှေ့ခန်း ကုလားထိုင်တွင်တော့ ခွန်းမြတ်က အခန့်သားထိုင်လျက်သားပင်။
"ငါ့ကို ဘာပြောမလို့လဲ "
"ပြောမလို့ မဟုတ်ဘူး ၊ ပြစရာရှိလို့ "
အဏ္ဏဝါက သူ၏ ခါးကြားမှ စာရွက်ကို တံတိုင်းရှေ့တွင် ဖြန့်ပြလိုက်သည်။
"ဒါက ဘာလဲ...?"
တံတိုင်းက အသေအချာ ဖြန့်ကြည့်လိုက်တော့ မြေပုံထဲတွင် ပါဝင်နေသည်က ကြိုးကြာကန်ရွာပင်။မြေပုံမှ အမှတ်အသားများက ကြိုးကြာကန်ရွာ၏ အနောက်ဘက်မှ တောင်ရှိရာဘက်သို့ ညွှန်ပြထားသည်။မှတ်ထားသော အမှတ်အသား အစက်အပြောက်တို့က ထိုတောင်ခြေ၌ပင် အဆက်အစပ်ပြတ်သွားသည်။
"ဒါက ဘာမြေပုံလဲ "
"ရှေးဟောင်းပစ္စည်းမြေပုံ..... "
"မင်းရဲ့ ရှေးဟောင်းပစ္စည်းမြေပုံကလည်း တစ်ပိုင်းထဲ ငါက ဘယ်လို ကြည့်ရမှာလဲ "
အဏ္ဏဝါက မြေပုံစာရွက်ကို ခေါက်ပြီး သိမ်းထားလိုက်သည်။
"နောက်ထပ် တဝက်ကို ထပ်ရှာရမှာ ၊ ငါတို့မသိလို့ မင်းကို အကူအညီတောင်းတာ "
"ဟေ...မလွယ်လောက်ဘူးနော် ဟိတ်ကောင်တွေ ။ နောက်တစ်ပိုင်းက ဘယ်မှာ သွားရှာရမှာလဲ "
"ငါ့အဖေရဲ့ အဖိုးက ဒီရွာဘက်မှာ ဖွက်ထားခဲ့တာ တစ်ဝက်ကို "
တံတိုင်းက သူ၏မေးစေ့အားပွတ်လျက် ခနစဉ်းစားလိုက်ပြီး
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...