Part (26) Uni

1K 25 0
                                    

"ငါတို့သွားပြီ ..."

အိမ်အပြန်လမ်းက ပျော်ရွှင်ခြင်းတိူ့ဖြင့် ဆီးကြိုနေမည်ဟု ထင်မိကြသည်။

"လမ်းကြုံရင် ဝင်ခဲ့ကြနော် "

"စိတ်ချ ...အလည်သက်သက်လာအုမ်းမှာ "

လှည်းဝင်ရိုးသံတစ်ညံညံက အိပက်အိပက်ဖြင့် ရွာဝမှ စတင်ထွက်ခွာခဲ့ကြပြီ။ကြိုးကြာကန်ကို လာခဲ့စဉ်အချိန်တချို့တို့ကိုပင် အဏ္ဏဝါတို့နှစ်ယောက်သားမှာ သတိရမိကြသေးသည်။နေပူမှာကြောင့်ဆိုပြီး အဏ္ဏဝါက အင်္ကျီအပေါ်လွှာဖြင့်မိုးပေးခဲ့သည်ကလည်း အပါအဝင်ပင်။

"အဏ္ဏဝါ ၊ ပျော်လား "

"အင်း ၊ အတိုင်းအဆမရှိပဲ "
"ငါ့ကို ဖက်ပေးအုမ်းလေး ၊
မဖက်ရတာ ကြာနေပြီလားလို့ "

ခွန်းမြတ်မှာ အဏ္ဏဝါ၏ လက်မောင်းကို ဖက်တွယ်ကာ ခေါင်းမှီလျက်သားနေလိုက်သည်။

"နေပူတယ် ၊ အေးသွားအောင် မင်းနှဖူးကေါ်ကို ငါနမ်းပေးမယ် "

ရုတ်တရက်ဆိုသလိုပင် အဏ္ဏဝါ၏ နှုတ်ခမ်းမှာ ခွန်းမြတ်၏ နဖူးပေါ်သိူ့ အုပ်မိုးလျက်သား။မျက်လုံးချင်းဆုံကြည့်မိချိန်တွင်လည်း ကြိမ်ဖန်များစွာကြည့်ရသော်လည်း မရိုးမအီရသော မျက်ဝန်းတစ်စုံ။အဏ္ဏဝါက တစ်ချက် ရယ်လိုက်သည်။

"ချစ်တယ် ၊ နွေးထွေးပေးချင်တယ် ၊ပွေ့ဖက်ထားချင်တယ်၊ နှုတ်ခမ်းမထူမပါးလေးက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလိုပဲ "

အဏ္ဏဝါက အပြောချိုချိုတို့ဖြင့် ခွန်းမြတ်၏ စိတ်ကို အပိုင်ချုပ်နှောင်လျက်ပင်။တအိအိဖြင့်သွားနေသော လှည်းပေါ်တွင်တော့ အချစ်ပိုနေကြသော အမျိုးသား နှစ်ဦးပင် ဖြစ်ပေလိမ့်မည်။

∆∆∆∆∆∆∆

"ထင်...."

တံတိုင်း၏ အသံက ခပ်နုနုလေးပင် ။ တေသီကျူးသည့် ငှက်တို့၏ အသံလိုလို။ လူသူမရှိသည့် တောတောင်တို့အထဲမှ စမ်းရေစီးသံကဲ့သို့ပင် သာယာချိုမြိန်မှုတို့က အပြည့်အနှက်ပင်။

"အင်း "

"ငါ့ကို ဘာလို့ ရွေးချယ်တာလဲ "

"ငါက ပြောနေစရာလိုသေးလို့လား အဲ့ဟာကို "

Strong heartbeat [ COMPLETE ]Where stories live. Discover now