Part (5) Uni

2.4K 37 0
                                    

ရွာသူ၊ရွာသားတို့၏ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်မှုများ။ဤရွာသို့ ဧည့်သည် အသွားအလာများ ရှိမည့်ဟန်မတူ။ထို့ကြောင့် ရွာသူ ရွာသားများက ဤသို့ စိုက်ကြည့်နေကြခြင်းဖြစ်လိမ့်မည်။

စက်ဘီးတာယာလှိမ့်နေသော ကလေးသူငယ်များက အပြေးအလွှား အဏ္ဏဝါတို့ဆီကို လာနေကြသည်။ အပူအပင်ဆိုတာ ထိုကလေးတို့ မျက်နှာပေါ်တွင် မရှိသလောက်ရှားပါးသည်။

"ဦးဦး...."

ကလေးတယောက်က အဏ္ဏဝါ့လက်ကို လှမ်းဆွဲထားသည်။ကလေးမျက်နှာတွင် နှာရည်တို့က အနည်းငယ်ယိုနေသည်။

အဏ္ဏဝါက သူ၏လက်ဖြင့် ကလေး နှာခေါင်းတွင် ယိုနေသော နှာရည်တို့ကို သုတ်ကာ လက်ကို ခါလိုက်သည်။

"ဘာ ပြောမလို့လဲ .......သားသား...."

"ဦးဦးတို့ကို မမြင်ဘူးလို့ ......"

အဏ္ဏဝါက ဆောင့်ခြောင်ထိုင်လိုက်ကာ

"ဦးဦးတို့က အခုမှ ဒီကိုပြောင်းလာတာလေ ....."

"ဒါဆို ဦးဦးတို့က လူဆိုးတေကို မကြောက်ဘူးလား"

ကလေးက လက်ထဲမှ စက်ဘီးဘားကို ချကာ လက်ဟန်ခြေဟန်တို့ဖြင့်ပြနေသည်။ခွန်းမြတ်ကတော့ ဘေးမှ ပြုံး၍ ပင်ကြည့်နေသည်။

"ဟေ......၊ သားသားက လူဆိုးတွေကို မြင်ဘူးလို့လား?"

၅နှစ်အရွယ်ကလေးတယောက်က ဤ သို့ပြောသည်ဆိုတော့ အဏ္ဏတောင် အံ့ဩသွားရသည်။

"ဦးဦးကိုပြပေါ့နောက်ခါ ၊ ဦးဦးထိုးပစ်လိုက်မယ်လေ ဟားဟား......"

အဏ္ဏဝါတယောက် ကလေးခေါင်းကို ပွတ်လျက်‌ေနာက်ကာပြောလိုက်သည်။အနောက်မှနေသူ ခွန်းမြတ်ပင်ပြုံးမိသွားသည်။ကလေးမချစ်တတ်ဘူးဟု ထင်ထားသူက ကလေးအချစ်တော်ကြီးဖြစ်နေသည်လေ။

"ဦးဦးတို့သွားတော့မယ် ......"

အဏ္ဏဝါနှင့်ခွန်းမြတ် ကလေးအနားမှ ထွက်လာခဲ့ကြသည်။

"မင်းကလေးချစ်တတ်သား"

"ဟင်.......ငါလား?"

အဏ္ဏဝါက ဘာမှမပြောပဲ တိတ်တဆိတ်သာနေလိုက်သည်။

Strong heartbeat [ COMPLETE ]Where stories live. Discover now