"ဟိတ်ကောင်တွေ ငါမေးနေတယ်"
တံတိုင်းက တယောက်နှင့် တစ်ယောက် အကြည့်ဆုံနေကြသော အဏ္ဏဝါနှင့် ခွန်းမြတ်ကိုကြည့်ပြီး ကွက်ပျစ်ကြမ်းခင်းကို ဘုန်းခနဲ ရိုက်ချလိုက်သည်။
"မင်းမေကြီးတော်ရဲ့ လင်!!!"
အလန့်အားကောင်းသော အဏ္ဏဝါက ကြီးတော်ကို တလျက် ထယောင်လိုက်သည်။
"ငါ့ကို ဘာမေးမလို့လဲ ...."
"ဖြေးဖြေးသာသာမေးပေါ့ ၊ မင်းကလည်း "
အဏ္ဏဝါက လန့်သွား၍ ရင်ဘတ်ကို ဖိထားလျက် ပြောသည်။ ခွန်းမြတ်ကတော့ ဟိုမော့ဒီမော့ပင် ကြည့်နေသည်။
"ခွန်းမြတ် မလန့်ဘူးလား"
အဏ္ဏဝါက ခွန်းမြတ်ကို အဖော်ထစပ်လိုက်သည်။
"လန့်စရာလား ငါက သတ္တိအပြည့်ရှိတယ်...."
ရုတ်တရက် အဏ္ဏဝါမှာ မျက်လုံးကြီးပြူးကာ တောင့်သွားသည်။
"ခွန်းမြတ် ဟိုမှာ ဟိုမှာ ....."
အဏ္ဏဝါက ခြံဝသို့လက်ညှိုးထိုးကာ စွတ်အော်နေပြန်သည်။
"ဘာလဲ....."
အဏ္ဏဝါ၏ လက်ညှိုးညွှန်ရာခြံဝသို့ ခွန်းမြတ်က ကြည့်ပြန်တော့ အဏ္ဏဝါက တခြားတစ်နေရာကို လက်ညှိုးထိုးကာအော်ပြန်သည်။
"ငါ့ကို မျက်ခွက်ပြောင်နေတာလား အဏ္ဏဝါ"
အဏ္ဏဝါက တံတိုင်း၏ လွယ်အိတ်ထဲမှ သားရေကြိုးပျော့စိစိကို ဆွဲယူလိုက်ပြီး
"မြွေကြီး....မြွေကြီး.....၊ ဒီမှာ မြွေကြီး"
အဏ္ဏဝါက သားရေးကြိုးကို ခွန်းမြတ်၏ လည်ပင်းပေါ်သို့ တင်လိုင်သည်။
"အမေရေး....ဘာကြီးလဲ!!! ၊ ကိုကိုရေး ငါကြောက်တယ်"
ခွန်းမြတ်က အဏ္ဏဝါ့ရင်ခွင်ထဲခွဝင်ကာဖက်လိုက်သည်။
"သတ်လိုက် ၊ သတ်လိုက် ။ ကိုကိုရေ ငါမြွေကြောက်တာ သိရဲ့သားနှင့်"
ခွန်းမြတ်က သူလွှင့်ပစ်လိုက်သော မြွေဟုထင်နေသည့် သားရေကြိုးဘက်သို့ လက်ညှိုးထိုးကာ အဏ္ဏဝါ ရင်ခွင်ထဲမှ အော် နေသည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...