"ငါ့သားရေ ပြင်ဆင်ပြီးရင် အခန်းထဲက ထွက်လာတော့လေ "
အိမ်၏ ပျဉ်ကာကို မှီထားသော သစ်သားဘောင်တို့ကွပ်ထားသည့် မှန်ချပ်လေးပေါ်တွင် ကိုယ့်မျက်နှာကို စိုက်ကြည့်နေမိသူက ထင်မဏိပင်။ မင်္ဂလာယူချိန်ဟုဆိုသော်ငြားလည်း မျက်နှာမှာ ပျော်ရွှင်သည့်ပုံရိပ်တို့ပင်မထင်ဟပ်လှပါ။လည်ကတုံးကော်လာစကို ကြည့်ကောင်းရုံမျှ ပြင်လိုက်သည်။ရှမ်းဘောင်းဘီ ပင်နီရောင် အသစ်ဂျပ်ချွန်နှင့် လည်ကတုံးလက်ရှည်အဖြူတို့ဖြင့် ပနံ့သင့်လှစွာပင်။ို့သော် ပျော်ရွှင်ပါသည်ဆိုသည့် စိတ်တို့က တစွန်းတစမျှ ကပ်ငြိနေခြင်းမရှိပါလေ။
အခန်းပြင်ကို ထွက်လာတော့ ကတ္တီပါ အနက်စပေါ်တွင်တင်ထားသော ၁ကျပ်သားခန့်ရှိသော ရွှေဆွဲကြိုးတစ်ကုံးရယ် လက်မဝက်ခန့်ရှိသော ရွှေတုံးအရွယ်က သုံးတုံးလောက်ကို တင်ထားသည်။ ငွေသား ထောင်တန်အုပ်မှာလည်း အထပ်လိုက်ပင်။ အဘမှာတော့ သားဖြစ်သူ၏ မင်္ဂလာကိစ္စအတွက်ဆိုတော့ ပြုံးပျော်လျက်ပင်။မပျော်သူက ကယကံရှင် သတို့သားလောင်းပင်။
'ပျော်စရာတွေလိုချင်လို့
မပျော်စရာတွေထဲကိုအရင်ကျော်ဖြတ်လိုက်တာ
မပျော်စရာတွေထဲမှာ မင်းကို ရှာတွေ့ခဲ့တယ်'စကားတို့ကလည်း လွန်ထားပြီမို့ နောက်မဆုတ်သာ၍ ရှေ့ကိုသာ ဆက်တိုးရပေအုမ်းတော့မည်။မုန်းရင်လည်း မုန်းပါစေတော့ မင်းရဲ့ အမုန်းကို လက်ခံပြီး မင်းမမြင်တဲ့ တစ်နေရာကနေ မင်းမထင်ထားလောက်တဲ့ အချစ်များဖြင့်သာ ချစ်နေတော့မည်။
"ငါ့သား မင်းသူငာ်တွေရော မလားသေးပါလား "
အဘက တက်ကြွစွာပင် မေးလေသည်။ အဘမှာလည်း ဖင်ထိုင်ဖို့ အချိန်ပင်မအားလပ်လှအောင် ထင်မဏိ၏ မိနမသွားတောင်းမည့် ကိစ္စအတွက် အလုပ်များနေရသည်။
"လာမှာ အဘ ၊
သူတို့က ယဉ်မေအိမ်မှာ စောင့်ကြမလို့ တဲ့ ""ဒါဆိုလည်း အဘတို့သွားကြရအောင်ကွာ ။ လာကြ ..လာကြ ဒီမှာ ပစ္စည်းတွေ ဝိုင်းသယ်ကူကြအုမ်း "
ထင်မဏိတို့ အိမ်မှာ မိန်းမပျိုတို့၊ သက်ကြီးဝါကြီးတို့သည် အုန်းပွဲ ငှက်ပျောပွဲများရွက်လျက် တသီတတန်းကြီး ထွက်လာခဲ့ကြသည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...