Final/ Part(30) Zawgyi

608 5 0
                                    

October 7 , 2015

အခန်းတစ်ခုလုံးကို အနက်ရောင်တို့ဖြင့် ကာထားသော အနက်ရောင်ခန်းမ။တစ်ခန်းလုံးကို ဘာအလှဆင်ပစ္စည်းတစ်ခုမှ ထည့်သွင်းမထားပဲ ဆလိုက်မီးသီးအချို့နှင့် Camermanနှင့် မင်္ဂလာသတို့သားနှစ်ဦးသာရှိကြလေသည်။

Weeding Photo ရိုက်ရန်အတွက် သတို့သားနှစ်ဦးဝတ်ထားသည့် ဝတ်စုံက အများနှင့်မတူ တစ်မူထူးခြားလျက်ပင်ဖြစ်နေသည်။Spidermanဝတ်စုံ အနီနှင့် အနက်တို့ကို ဝတ်ဆင်ထားကြသော အမျိုးသားနှစ်ဦး၏ ခန္ဓာကိုယ်မှာက တောင့်တင်းသန်မှာလှ၏။

"ခွန်းမြတ် ငါ့ခါးကို ဖက်ထား"

Camera ရိုက်သံမှာလည်း တဖျပ်ဖျပ်ပင်။Postမျိုးစုံကိုလည်း တစ်မျိုးပြီးလျှင်တစ်မျိုးမရိုးရအောင်ပေးကြလေ၏။

"တစ်ယောက်တစ်နေရာစီခွဲပြီး ဟိုဘက် ဒီဘက်ကို ဒူးထောက်ပြီး ကြည့်နေ ၊ အိုကေတယ်နော် ....Ready 1.2.3. "
"ချလပ်"

ဓာတ်ပုံတို့မှာလည်း ဆန်းပြားလှစွာပင် ။

"ဝတ်စုံအနီနှင့် တစ်ယောက်က အမည်းနှင့် တစ်ယောက်ရဲ့ခြေသလုံးကို ထိုင်တဲ့အနေအထားနှင့် ဖက်ထားမယ် "

သာမန်ဆိုလျှင် သတို့သားနှင့် သတို့သမီးပြော၍ရသေးသည်။ယခုမူ သတို့သားနှစ်ဦးဖြစ်နေ၍ ဓာတ်ပုံဆရာမှာ ‌အခေါ်အဝေါ်ပိုင်းတွင် အခက်တွေ့နေရလေပြီ။

"အဏ္ဏဝါ ...ချစ်တယ် "

"အင်း ငါလည်း ချစ်တယ် "
"ပြွစ်"

ခွန်းမြတ်၏ နှုတ်ခမ်းကို ဖိကပ်ပြီး အားပါစွာဖြင့် နမ်းရှိုက်လိုက်လေသည်။

"နောက်တပို့စ့်ထပ်လုပ်မယ် ။ အနီကောင်က အမဲကောင်ရဲ့ ရင်ဘတ်ကို သိုင်းဖက်ပြီးကိုင်မယ်နော် "

ဆန်းပြားလှပခန့်ညားစွာသော ဓာတ်ပုံတို့မှာ ထွက်ရှိလာခဲ့၏။

§§§§§§

October 8/2015

'တွဲလက်တို့သည် သက်ဆုံးတိုင်မြဲရပါစေ။အနမ်းတို့သည်လည်း သက်ဆုံးတိုင်နွေးရပါစေ။စိုက်ကြည့်မိသော မျက်ဝန်းတို့တွင်လည်း အချစ်တို့ခြုံလွှမ်းရပါလို၏'

ဟုသာငွေရောင်လင်ဗင်းပေါ်တွင်တင်ထားသော ငွေကျပ်သိန်း100ကို မိဘမဲ့ဂေဟာတစ်ခုတွင်ရက်ရောစွာဖြင့်လှူဒါန်းပေးကမ်းခဲ့ကြသည်။ပိုးပုဆိုးနံ့သာရောင်တူညီစွာဝတ်ထားသော အမျိုးသားနှစ်ဦးမှာလည်း ရေကရားငွေရောင်ကို စောင်းလျက်ရေစက်ချ အမျှဝေခြင်းအမှုကို ကောင်းမွန်စွာလုပ်ကိုင်ခဲ့ကြသည်။နှစ်ဖက်မိဘများဖြစ်ကြသည့် ဦးသိန်းမောင်နှင့် ဦးသုတတို့မှာလည်း သားနှစ်ယောက်၏ မင်္ဂလာအလှူကို ကြည်ဖြူစွာ လိုက်လျောခဲ့ကြပါသည်။(နှစ်ဖက်လုံးမှ မိခင်တို့မှာ သေဆုံး)

Strong heartbeat [ COMPLETE ]Where stories live. Discover now