Part (19)Uni

1K 28 0
                                    

ဖူလွင်တောင်သို့ ခရီးဆက်ခြင်း

ညက တဖျပ်ဖျပ်လောက်ကျွမ်းနေသောမီးပုံမှာ ပြာပင်ဖြစ်နေချေပြီ။သစ်ကိုင်းတို့ကို အမှီပြုလျက် ချည်နှောင်ထားသော ခြင်ထောင်တို့ကိုဖြုတ်ကာ ကျောပိုးအိတ်ထဲသို့ စနစ်ကျစွာဖြင့်ခေါက်သိမ်းလိုက်ကြသည်။

မနက်စာအတွက် ပေါင်မုန့်ခြောက်တို့ကို ရေနှင့်မျောချပြီး ဖူလွင်တောင်သို့ခရီးဆက်ရန်အတွက် ပြင်နေကြချေပြီ။

"ရော့ ...ရေဘူး "

ခရီးစခဲ့စဉ်ကတည်းက စကားတစ်ခွန်းမျှပြန်မပြောသည့်ထင်မဏိက ယခုအချိန်တွင်တော့ တံတိုင်းအားစကားပြောစပြုချေသည်။နွေးထွေးသော လေသံတို့က တံတိုင်းအတွက် ဆက်သွားရမည့် ခရီးကို ခွန်းအားတစ်စိတ်တပိုင်းပင်။

တံတိုင်းက ‌ဓားရှည်ဖြင့်လမ်းမျကို ခုတ်ထွင်ရှင်းလင်း‌၏။အောက်ခံဖိနပ်အမာစား ရှူးဖိနပ်များစီးထားကြ၍ ခြေထောက်တို့မှာ ထိခိုက်ပေါက်ပြဲမှုများမရှိ။သံတောင်ပေါ်မှ ဆင်းခဲ့ပြီး တောင်ဆင်းခရီးကား ကြမ်းတမ်းစပြုလာပေသည်။ချောက်ကမ်းပါး‌တို့ကလည်း နက်သည်ထက် နက်လာ၏။တောင်စောင်းတို့ပေါ်မှ လျောမကျအောင် တစ်ယောက်၏လက်ကို တစ်ယောက် မြဲမြံစွာဆုပ်ကိုင်ထားကြရလေသည်။

"ငါ့လက်ကို မလွှတ်နဲ့နော် "

အဏ္ဏဝါက ခွန်းမြတ်၏ လက်ကို ဆွဲထားရင်းသတိပေးသည်။ကျောတွင် လွယ်ထားသော အိတ်၏အလေးချိန်နှင့် ကိုယ်အလေးချိန်တို့ကြောင့် မနည်းထိန်းလျောက်နေကြရသည်။ဖြည်းဖြည်းသာသွားကြရ၍ ခရီးမှာ အချိန်အတော်ထောင်းလှလေပြီ။

သံတောင်မှ အဆင်းကိုဆင်းလာပြီးနောက် သံတောင်နှင့် ဖူလွင်တောင်ကို ခြားထားသော တောအုပ်ခပ်သေးသေးသို့ဆိုက်ရောက်ကြချေပြီ။တောင်ဆင်းတ‌လျောက်ကို ထိန်းဆင်းလာရ၍ ခြေထောက်တို့အတော်ပင်ခိုင်နေလှပြီ။

"ရေမရှိဘူးလား ၊ အတော်ပူနေပြီ .."

အဏ္ဏဝါက ပါးစပ်အတွင်းမှ လေတို့ကို သူ၏ရင်ဘတ်သို့ ခပ်ပြင်းပြင်းမှုတ်ထုတ်၏။သို့သော် အပူမှာကားသိပ်မသက်သာလှ။ အဏ္ဏဝါက ခွန်းမြတ်ဘက်သို့ လှည့်ကြည့်လျက်

Strong heartbeat [ COMPLETE ]Where stories live. Discover now