Part (27) Zawgyi

321 3 0
                                    

တစ်ယောက်၏လက်ကို တစ်ယောက်ချိတ်လျက် ဝင်လာကြသော အမျိုးသားနှစ်ဦး။ခနတာ ခွဲခွာနေခဲ့ကြရသော အိမ်တော်၏ တံခါးဝမှာလည်း သူတို့ နှစ်ဦးအား ဆီးကြိုနေသယောင်။

"ခွန်းမြတ် ...."

"အင်း ပြောလေ "

"ချစ်တယ် "

ခပ်လှလှ အပြုံးတစ်ခုတို့က ခွန်းမြတ်ဆီသို့ ဦးတည်ကာ ပျံဝဲလာသည်။ချစ်ခြင်းတရားတို့ ပြည့်နှက်နေသော ခြေလှမ်းတို့သည် အိမ်ထဲသို့ နင်းလျက်ဝင်ခဲ့ကြသည်။အိမ်၏ ဧည့်ခန်းထဲတွင် ထိုင်နေသူက အဏ္ဏဝါ၏ဖခင် ဦးသိန်းမောင်ပင်။

"ဒယ်ဒီ!.."

အဏ္ဏဝါ၏ ခေါ်သံမှာက ဂုဏ်ယူဝံ့ကြွားသည့် ခေါ်သံမျိုးပင်။

"ဟေ..ငါ့သားတို့ ပြန်လာကြပြီလား ။ အဆင်ရောပြေခဲ့ကြလား "

"ဒါပေါ့ ဒယ်ဒီရ ၊ ဒီမှာ.... "

ဦးသိန်းမောင်က အပြုံးပန်းတို့ ရွန်းရွှန်းဝေအောင်ပြောနေသော်လည်း သူ၏ ပြုံးရယ်မှုတို့က ခွန်းမြတ်ထံသို့ သက်ရောက်မှု မရှိသလိုပင် ။ ဦးသိန်းမောင်၏ အကြည့်တို့ကလည်း ခွန်းမြတါအား အရေးမစိုက်သည့် ပုံစံမျိုးကို သက်ရောက်နေသည်။ ဦးသိန်းမောင်က သေတ္တာကို ဖွင့်ကြည့်ချိန် နီမြန်း‌တောက်ပနေသော မြပုလဲရတနာက လက်လက်တနေသည်။

"အဖေ့ရဲ့ အမွေက ဒါပေါ့လေ ဟုတ်ရဲ့လား .."

ဦးသိန်းမောင်က လည်ဆွဲကို လက်တွက် ဖှက်ဖြာလျက် ခပ်ပြုံးပြုံးဖြင့် မိန့်မိန့်ကြီးသာပြုံးနေသည်။

"တော်တယ် ...ငါ့သား "

"သားတစ်ယောက်ထဲကြောင့်ဆိုရင် ရလာမှာတောင်မဟုတ်ဘူး ။ ခွန်းမြတ်ကြောင့် ..."

ဦးသိန်းမောင်က ခွန်းမြတ်ကို ခပ်မော့မော့သာကြည့်သည်။
အရင်က ခွန်းမြတ်အား ဆက်ဆံသည့် ပုံစံမျိုးနှင့်မတူကွဲထွက်နေသည်။ခွန်းမြတ်မှာတော့ နေမထိ ထိုင်မသာ ဖြစ်ရသည်။ မျက်နှာကို ကြမ်းခင်းပေါ်သို့သာ မူထားလျက် ခေါင်းကိုသာ ငိုက်စိုက်ချနေလိုက်သည်။

"ဒယ်ဒီ ၊
ခွန်းမြတ်ကို ဘာလို့ အဲ့လို ဆက်ဆံနေရတာလည်း "

"ငါ့သာနှင့် ဒီကောင့်ကို ထည့်မိလိုက်တာကို ဒယ်ဒီနောင်တရမိတယ် "

Strong heartbeat [ COMPLETE ]Where stories live. Discover now