တြိဂံပုံစံ ရှေးဟောင်းကျောက်မျက်ရတနာ။တြိဂံပုံပေါ်တွင် သိန်းငှက်ပုံထွန်းထားသည့် အနီရောင်သန်းသော ရှေးဟောင်းကျောက်မြက်ရတနာ။
"အဏ္ဏဝါ မင်းတို့ မြန်မာနိုင်ငံ အလယ်ပိုင်းဘက်မှာ တြိဂံပုံစံ ရှေးဟောင်းရတနာ သွားရှာရမယ်"
ဦးအဏ္ဏဝါသိန်းမောင်က အမိန့်ပေးပြောကြားနေ၏။
ထိုရှေးဟောင်းရတနာမှာ ပတ္တမြားနှင်းအလားသဏ္ဌာန်တူသော အနီရောင် ကျောက်သားအကြည်ပေါ်တွင် သိန်းငှက်ပုံစံထွင်းထားသော ကျောက်မြက်ရတာလိုမျိုးပင်။
မြေပုံလမ်းညွှန်တဝက်ကို အဏ္ဏဝါရှေ့သို့ တိုးပေးပေးသည်။
"နောက်ထပ်တဝက်ရော...."
"နောက်တဝက်က မိုကြိုးနှစ်လွှာဂိုဏ်းရဲ့ က်ုယ်ရံတော်နေတဲ့ ကျောက်သံကြိုးရွာမှာ ရှာရမှာ"
မြေပုံလမ်းညွှန်စာရွက်တဝက်ကို အဏ္ဏဝါက သူ၏ အိပ်ကပ်ထဲ ထည့်ကာသိမ်းထားလိုက်သည်။ခွန်းမြတ်ထံသို့လိုအပ်သည်များကို သိမ်းဆည်းထည့်ရန်ပြောလိုက်သညါ။ခွန်းမြတ်နှင့် အဏ္ဏဝါနှစ်ယောက်သား အခန်းထဲမှ ထွက်လာခဲ့လိုက်ကြသည်။
"ကိုကြည်မောင် ကျုပ်တို့ကို ရွာနားကို ကားနဲ့လိုက်ပို့"
အဏ္ဏဝါ၏ အမိန့်ပေးမှုကြောင့် ကြည်ဆောင်သည် ရွာအနီးသို့ကားဖြင့်ပို့ပေးရသည်။
"ကြိုးကြာကန်ရွာဟု သစ်သားပေါ်တွင် ထွင်းထားသော ဆိုင်းဘုတ်။
အဏ္ဏဝါနှင့် ခွန်းမြတ်ကားပေါ်မှ ဆင်စခဲ့လိုက်ကြသည်။ ကြည်ဆောင် လည်း ကားကို လှည့်ကာ လာရာလမ်းအတိုင်းပြန်သွားသည်။
သာမန်အရပ်လုပ်သားများနေသည့်နေရာမို့ အဏ္ဏဝါတို့ အဝတ်ကို သာမန်အရပ်နေအရပ်သားများဝတ်သလို ပုဆိုးနှင့် အင်္ကျီ ခပ် တပတ်နွမ်းတို့ကိုဝတ်လာခဲ့ကြသည်။
ရွာရှေ့တွင် ဆီးပင်များပေါက်နေသည်။ဆိုင်းဘုတ်ကို ထိုဆီးပင်တို့က အမိုးအကာသဖွယ်ပြုထား၏။အပူပိုင်းဒေစမို့ အပင်များမှာ ဆီးပင် ၊ရှားပင်တို့သာ များနေသည်။
နယ်မြေအသစ်ကိုသွားလာရသည်မို့ အရာရာကိုသတိကပ်နေရသည်။
"ခွန်းမြတ် လမ်းလျောက်နိုင်လား"
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...