"ဟင်.....ငါဘယ်ရောက်နေတာလဲ"
ခွန်းမြတ်ရောက်နေသည်က ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှသော အခန်းတစ်ခုထဲတွင် ရောက်နေ၏။
ခွန်းမြတ်က သူ၏ကိုယ်ပေါ်သို့ လွှမ်းခြုံထားသော စောင်ကို မယူရန် ပြင်လိုက်တော့
"အမလေး....ငါဘလိုဖြစ်သွားတာလဲ"
စောင်ထဲတွင် ခြုံထားသော ခွန်းမြတ်၏ အောက်ပိုင်းမှာ အဝတ်အစားများ ဗလာနတ္ထိ။
"တောက်!၊ ခွေးကောင်ငါ့ကို မကောင်းကြံလိုက်တာ"
ခွန်းမြတ်က အခန်းထဲတွင် လူမရှိခိုက် စောင်ပုံထဲမှ ထလိုက်ရာ ခန္ဓာကိုယ်မှာတော့ အဝတ်အစားတို့ ကင်းကွာနေလေ၏။
အခန်းတံခါးအနီးရှိ ဗီရိုရှိရာသို့ ထသွားလိုက်သည်။ ဗီရိုထဲ၌ အဝတ်အစားများရွေးနေစဉ်
"ဂျလောက်.."
လော့မချထားသော တံခါးသည် တဖြည်းဖြည်းပွင့်လာ၏။
"အား.....ဟိတ်ကောင်မင်းဘာလာလုပ်တာလဲ"
ခွန်းမြတ်က ဗီရိုထဲမှ ဆွဲမိဆွဲရာ တခုကို ယူကာ သူ၏ မွေးရာပါ အမွေပစ္စည်းကို ဖုံးအုပ်လိုက်သည်။
အဏ္ဏဝါ အရင်ဦးစွာ မြင်လိုက်ရသည်က ခွန်းမြတ်၏ နေရာငယ်တခုကို ဖုံးအုပ်ထားသော ပုဝါစနှင့် အဝတ်ဗလာ ခန္ဓာကိုယ်တခုပင်။
"မင်းအတွက်..."
အဏ္ဏဝါက လက်ထဲမှ မနက်စာကို ခုတင်ဘေးရှိ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
"မင်း...မင်းညက ငါအိပ်ပျော်နေတုန်း ငါ့ကို ဘာလုပ်လိုက်တာလဲ"
"မင်းက ဆင်အော်လို့ မနိုးဖြစ်နေတာလေ ။ ငါလည်း လုပ်ခဲ့ လိုက်တာပေါ့"
"ဘာ.... ဟိတ်ကောင် "
"ငါက မင်းအဝတ်တွေ လှဲပေးတာကိုပြောနေတာ လျောက်တွေးမနေနဲ့ "
အဏ္ဏဝါက မနက်စာထားပြီး အခန်းထဲမှ ထွက်သွားသည်။ ခွန်းမြတ်လည်း ဗီရိုထဲမှ အဝတ်တစုံကို ယူကာ ခုတင်ထက်တွင် တင်ထားလျက် ရေချိုးခန်းသို့ ဝင်လာခဲ့လိုက်သည်။
"အိုး..ဟိုးအေးနေတာပဲ "
ခွန်းမြတ်က ရေပန်းထဲမှ ကျလာသော ရေပေါက်တို့ကို ကိုယ်ခန္ဓာပေါ်သို့ ကျရောက်စေလျက် ရေချိုးခြင်းအမှုကို ပြုလေ၏။နှစ်ရက်လောက် ရေမချိုးထားရသည်မို့ ရေနဲ့ထိထိခြင်းပင် လန်းဆန်းသွားလေ၏။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romansaစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...