အိမ်တော် အပ်ါထက်သို့ တက်လာသော ခြေသံမှာ ခပ်တိုးမကျယ်။
"ခွန်းမြတ် ....တံခါးဖွင့် ၊ မင်းဘာလုပ်နေတာလဲ"
အဏ္ဏဝါက ခွန်းမြတ်၏အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်ကာ ခွန်းမြတ်အားခေါ်နေ၏။
"ငါဝင်လာပြီးနော်..."
အဏ္ဏဝါက ခွန်းမြတ်၏ အခန်းတံခါးကိုဖွင့်ကာဝင်လာခဲ့လိုက်သည်။အခန်းမှာ လူရှိဟန်မတူ တိတ်ဆိတ်ငြိမ်သက်နေသည်။
"ခွန်းမြတ်...ခွန်းမြတ်...ငါခေါ်နေတာကြားလား"
အဏ္ဏဝါက အိပ်ယာထက်ရှိစောင်များခြုံစောင်များကို လှန်လောရှာလိုက်သည်။စောင်ပုံထဲတွင်တော့ ဖက်လုံးများသာတွေ့လိုက်ရသည်။
အိမ်တော်အောက်တွင် အချိန်ကြာအောင်အော်ခေါ်ပြီးစောင့်နေသည်မှာ ကြာပြီဖြစ်၍ အပေါ်ထပ်ရှိ ခွန်းမြတ်၏ အခန်းထဲသို့ဝင်လာခဲ့ခြင်းဖြစ်သည်။အဏ္ဏဝါတယောက် ခွန်းမြတ်အား မည်သည့်အတွက်ကြောင့် စိတ်ပူနေမှန်းမသိ။အဏ္ဏဝါလည်း ခွန်းမြတ်ကို ဘာကြောင့် စိတ်ပူနေမှန်း သူ့ကိုယ်သူပင် မသိတော့။သူ့ခေါ်လျှင်လယပြီး သူအနားအမြဲရှိနေကျ ခွန်းမြတ်မှာ သူ၏မျက်စိအောက်မှာ ပျောက်၍ စိတ်ထင့်နေရသည်။
"...ရေချိုးခန်းကျန်သေးတာပဲ"
အဏ္ဏဝါက ရေချိုးခန်းတံခါးအနီးသို့ လျောက်လာခဲ့လိုက်သည်။
ရေချိုးခန်းထဲတွင် ဆပ်ပြာတိုက်နေသည်က ခွန်းမြတ်ပင်။ကိုယ်လုံးကို သေချာဆပ်ပြာတိုက်ရန်အတွက် ဆပ်ပြာတုံကို ဘေစင်ပေါ်တွင် တင်ထားလိုက်သည်။လက်ထဲတွင် ကျန်ရှိနေသေးသော ဆပ်ပြာမြှုပ်အနည်းငယ်ဖြင့် သူ၏ မျက်နှာနှာကို ပွတ်လိုက်၏။လက်ထဲ ဆပ်ပြာကုန်သွား ဘေစင်ဘောင်ပေါ်မှ ဆပ်ပြာခဲကို လှန်ယူရန်ပြုချိန် မျက်နှာမှာ ဆပ်ပြာများ ပွတ်သပ်ထား၍ မျက်လုံးကို ကောင်းစွာဖွင့်၍ မရ။ ဆပ်ပြာတုံးကို ယမ်းသမ်းပြီးယူလိုက်ရာ ဘေစင်ဘောင်ပေါ်တွင် တင်ထားသော ဆပ်ပြာခဲကို လက်ဖြင့်ကိုင်လိုက်ချိန်
"အဲ..ပလွတ်"
ခွန်းမြတ်၏ လက်မှာ ဆပ်ပြာခဲနှင့် ရေနှင့်ထိပြီး ချွဲသောကြောင့် ဆပ်ပြာတုံးမှာ ရေချိုးခန်းတွင် ကပ်ထားသောကြွေပြားပေါ်သို့ကျသွားသည်။ဆပ်ပြာမှာ အရှိန်ပါ၍ ရေချိုးခန်းတံခါးဝအနီးသို့ လိမ့်သွားသည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Lãng mạnစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...