"တံတိုင်း ...ဟိတ်ကောင် ..."
အဏ္ဏဝါနှင့် ခွန်းမြတ်တို့နှစ်ယောက်လုံး တံတိုင်း၏ အိမ်ပေါ်သို့ အသံပေးပြီးတက်လာခဲ့ကြ၏။အဏ္ဏဝါမှာ နေိူပ်မကောင်းသေး၍ ကိုယ်ခန္ဓာမှာ ခပ်ပူပူသာဖြစ်နေသေး၏။
"လာကြလေ ၊ မင်းတို့ကလည်း သူစိမ်းတွေလည်း မဟုတ်ခေါ်နေသေးတယ် "
တံတိုင်းက အိမ်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။
"လာကွာ ထိုင်အုမ်း အကူအညီတောင်းစရာရှိလို့ "
"ဘာအကူအညီလဲ ၊ ငါ ကူညီနိုင်ရင် ကူညီမယ် "
"ဈေးဆိုင်ဖွင့်မယ့် ကိစ္စ.....၊ ခွန်းမြတ် အတွက် "
ဈေးပစ္စည်းများသွားဝယ်ရန် သူ့တွင် ခရီးနှင်စရာ မြင်းမရှိ။ ထင်မဏိကိုသာ တမ်းပြီးသတိရကာ
"လာကွာ ...ထင်မဏိဆီ ခဏသွရအောင် "
တံတိုင်းတို့သုံးယောက်သား ထင်မဏိထံသို့ ထွက်လာခဲ့ကြချေသည်။
"ဘထွေး ...ထင်မဏိရှိလား ..."
နွားတင်းကုပ်ထဲတွင် နွားစာကျွေးနေသော လူကြီးကို တံတိုင်းက လှမ်းမေးလိုက်သည်။
"အိမ်ပေါ်မှာ စက်တော်ခေါ်လို့ မဝသေးဘူး ၊ အရေးကြီးရင် သွားနှိုးချေ "
နေဖင်ထိုးသည့် အချိန်ပင်ရောက်နေသည်တောင် ထင်မဏိက အိက်ကောင်းတုန်းပင်။
"ငါသွားနှိုးလိုက်မယ် ခန "
တံတိုင်ူးက အိမ်ပေါ်သို့ လွှားခနဲ ကျော်တက်သွားသည်။ အိမ်ပုဖြစ်၍ လှေကားမှာ သုံးထစ်ခန့်သာ ရှိသောကြောင့် ခြေတံကြဲသော တံတိုင်အဖို့တော့ တစ်ကန့်စာသာ ရှိ၏။
အိမ်ပေါ်တွင်တော့ ရင်ဘတ်နအထိစောင်ခြုံပြီး အိပ်နေသော ထင်မဏိပင်။တံတိုင်းက ထင်မဏိအနားသို့ သွပြီး ထင်မဏိကို နှိုးရန်အပြု ဟိုနေ့က ကိုင်လိုက်ရသော ထင်မဏိ၏ ရင်ဘတ်မှာ ခေါသ်းထဲသို့ ဖြတ်ခနဲ ဝင်လာသည်။
အိပ်နေသော ထင်မဏိကို ကြည့်ပြီး တံတိုင်းက အသည်းယားသလိုဖြစ်လာသည်။နှူတ်ခမ်းလုံးမထူမပါးပေါ်သို့ လက်တင်ကာ ပွတ်သပ်ကြည့်မိသည်။ပပြင်တို့ကိုလည်းကောင်း ၊ မေးစေ့ အောက်တို့ကိုလည်းကောင်းပွတ်သပ်ကြည့်နေမိသည်။ အအိပ်ကြီးသော ထင်မဏိကတော့ တံတိုင်းပြုနေသမျှကို ဘာမှမသိ။တံတိုင်းက သူ၏ နှုတ်ခမ်းနှင့် ထင်မဏိ၏ နှုတ်ခမ်းနှစ်ခုတို့ ထိကပ်ရန်အတွက် အောက်သို့ ငုံ့ချလိုက်သည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Storie d'amoreစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...