Part(15)Zawgyi

370 1 0
                                    

မြေနီလမ်းမထက်မှ ဈေးတန်းရှည်တစ်ခုအနီးတွင် မြင်းကို ရပ်ချလိုက်လေ၏။

"ရောက်ပြီ မင်းတို့ စိတ်ကြိုက်ရွေး ...."

ဈေးခြင်းတောင်းပေါင်းစုံကို လက်တွင်ကိုင်ဆွဲနေကြသူတို့ တိုးဝှေ့ကာ ဈေးဝယ်နေမှုတို့ကြောင့် ဈေးတခုလုံးမှာ ပြည့်ကျပ်လျက်ပင်။

"ဘာဝယ်မလဲ ...."

အဏ္ဏဝါက ခွန်းမြတ်၏ ပခုံးကို လက်တို့လျက်လှမ်းမေးသည်။

"မုန့်ရောင်းကြရအောင် ...."

အဏ္ဏဝါနှင့် ခွန်းမြတ်တို့ မုန့်ဆိုင်ဘက်သို့ ဦးတည်ကာ လာခဲ့လိုက်ကြသည်။ပြည့်ကျပ်လှသော လူအုပ်ကြားထဲတွင် အဏ္ဏဝါက ခွန်းမြတ်၏ လက်ကို ကိုင်ဆွဲပင်။လူများတိုးဝှေ့မှုကြောင့် ခွန်းမြတ်မှာ တခါ တခါ အနောက်တွင် ကျန်နေခဲ့တတ်ပြန်သည်။

အဏ္ဏဝါက ခွန်းမြတ်အား သူ့နားကို ဆွဲခေါ်လိုက်ပြီး

"ငါ့လက်မောင်းကို ချိတ်ထား ...ပျောက်သွားလိမ့်မယ် "

ခွန်းမြတ်က ရယ်လိုက်သည်။ အဏ္ဏဝါတွင် ဤကဲ့သို့ ကလေးဆန်သော အတွေးတို့ ရှိသည်လား ဟုပင်။

မုန့်ဆိုင်ရောက်တော့ အဏ္ဏဝါနှင့် ခွန်းမြတ်က မုန့်များရွေးထားပြီး မြင်းရှိရာဆီသို့ ပို့ဆောင်ခိုင်းလိုက်စေသည်။

"ဘာတွေ ထပ်ဝယ်အုမ်းမလဲ ....ကိုကို့ရဲ့ လူ"

ခွန်းမြတ်က အဏ္ဏဝါ၏ လက်မောင်းကို ဆိတ်လိုက်၏။

"လူကြားထဲ အဲ့လို မပြောနဲ့ ငါရှက်တယ် "

နှစ်ယောက်သားဈေးအနှံ့ကိုသာ လျောက်ကြည့်နေကြသည်။အဏ္ဏဝါမှာဘေးတွင် လက်ဆွဲအိတ်ကို ချိတ်ပြီး တစ်ဖက်က ခွန်းမြတ်ကို တွဲထားသည်။မသိလျှင် ပွဲစားပုံစံနှင့် ပင် ခပ်ဆင်ဆင်။

..............

အဏ္ဏဝါတို့ ပြန်လာတော့ တံတိုင်းနှင့် ထင်မဏိက မြင်းနားတွင် ထိုင်လျက်သား စောင့်နေကြသည်။ဘေးတွင်လည်း သူတို့မှာထားသော ဆိုင်များမှ ပစ္စည်းများက ပုံလျက်သားပင်။

"လှည်းပေါ်တင်လိုက်ပြီနော် ...."

ရွာမှ ခေါ်လာသော လှည်းသမားမှာလည်း ကောက်လာပြီဖြစ်၍ မှာထားသော ပစ္စည်းတို့ကို လှည်းပေါ်သို့ တင်လိုက်ကြသည်။ဝေးလံလှသော ခရီးကြောင့် လှည်းတွင် တက်ဆင်ထားသော နွားများမှာလည်း မောနေကြလေယက်လေပြီ။ဈေးတခါတက်ဝယ်ဖို့ မလွယ်ကူဘူးဆိုသည်ကို အခုမှပင်ယုံလေပြီ။

Strong heartbeat [ COMPLETE ]Where stories live. Discover now