အမြတ်တနိုး ၁

759 14 0
                                    

Unicode

ဖြူဖွေးသော ဂွမ်းစောင်ထူထူကြီး ကိုခြုံလွှမ်းကာ နွေးထွေးစွာ အိပ်ပျော်နေသော သူ၏ ကမ္ဘာငယ်လေးနှစ်ဦးကို ကြည့်ကာ ပြုံးမိချေသည်။ အချိန်အကြာကြီး ခွန်းမြတ်က သူ့လက်ပေါ်သို့ ခေါင်းမှီထားတာကြောင့် အဏ္ဏဝါ၏ လက်မှာ အနည်းငယ်လေး ထုံကျဉ်ဟန်ရှိ၏။ အချိန်က မနက် ခုနစ်နာရီခန့်ရှိတော့ အဏ္ဏဝါလည်း အိပ်ချင်ပြေစပြုပြီ ။ သူ၏လက်ကို အသာအယာယုတ်သိမ်းလိုက်ကာ ခုတင်ပေါ်မှ ဆင်းလိုက်ပြီး

" ဟင်း ... ‌‌မနက်နိုးလာလို့ မင်း မျက်နှာလေး ကြည့်ရတာဟာလည်း မရိုးအီနိုဂ်တဲ့ ရုပ်ရှင်တစ်ကားကိုကြည့်နေရသလိုပါပဲလား " ဟု ပြုံးရွှင်စွာရေရွတ်လိုက်မိ၏။ ‌ကြေမွနေသော ညအိပ်အင်္ကျီကို အသာဖြန့်ချကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ကြီးမားသော စောင်ထဲတွင်တော့ အဏ္ဏဝါ၏ ရင်သွေးလေး ခွန်းအဏ္ဏဝါမြတ်နှင့် ခွန်းမြတ်တို့နှစ်ခြိုက်စွာပင် ကျန်နေခဲ့ချေ၏။

သူတို့ နှစ်ဦးလက်ထပ်ပြီး တစ်နှစ်ခန့်အကြာခန့်မှာ ပင် သူတို့၏ ရင်သွေးလေးယူဖို့ဘအတွက်ကြိုးစားအားထုတ်ခဲ့ကြ၏။ နောက်ဆုံးတွင်တော့ သူတို့ရည်မှန်းချက်ဟာ ပြည့်ဝသွားခဲ့၏။ အလိုချင်ဆုံး အတောင့်တဆုံး သားဦးလေးကို ခွန်းမြတ်က ကျန်းမာစွာဖြင့် မွေးထုတ်ပေးနိုင်ခဲ့ချေသည်။

သားဦးလေးမှာဖြူဖြူဖွေးဖွေးလေးနှင့် သူ့အဖေရုပ်နှင့် တစ်ထေရာတည်းပင် ။ မွေးခါစမှာပင် သးနက်မှောင်သန်မာလှတဲ့ ဆံပင်တွေက အစုလိုက် ။

အဟင်း ...သားရယ် ။ မင်းအဖေရဲ့ ကိုယ်ပွားလေးပါလား ၊ သားရဲ့ မျက်နှာ တစ်ချက်ကြည့်တိုင်း အဖေ့ ရင်မှာ တစ်ခါ ဆူပွက်ရတယ် ။ သားအပြုံဟာ မိုး‌နတ်မင်းကြီး နွေခေါင်ခေါင်မှာ မိုးပြေးလေး ရွာချပေးသလိုပဲ အေးချမ်းနေတာပဲ ။

အိပ်ချင်ဟန်ဆောင်နေသော ကြောင်လေးသဖွယ် အသွင်တူလှသည့် ခွန်းမြတ်သည် အဏ္ဏဝါ ထွက်သွားသည်နှင့် သူ့မျက်လုံးကို ဖွဖွလေး ဖွင့်ကာ ခိုးကြည့်မိသည် ။ သားလေးက အိပ်နေသည်မှာ နှစ်ခြိုက်စွာပင် ။

ဒါကြောင့်လည်း အဏ္ဏဝါက သူ့ကို နာမည်ပေးထားသည်။

" ကိုကိုမမြင်အောင် ခိုးကြည့်တဲ့ ကြောင်ကလေး " တဲ့ ။

Strong heartbeat [ COMPLETE ]Where stories live. Discover now