ညက အချိန်လင့်မှ ပြန်ရောက်ကြသော်လည်း မနက်ခင်းစောစောထကြရ၏။ဆိုင်အတွက် ပြင်ဆင်စရာတို့ပြင်ဆင်ရပြန်ပေအုမ်းမည်။
တူတချောင်းကို ခါးကြားထိုး ၊ သွပ်ကြိုးတို့ကို ပါးစပ်တွင်ခဲလျက် ဆိုင်အတွက်ပြင်ဆင်နေသူက အဏ္ဏဝါပင်။ဆိုင်တွင် မုန့်များနှင့် ဈေးပစ္စည်းများ ချိတ်ရန်အတွက် သွပ်ကြိုးတို့ကို တန်းအောင်ချိတ်နေသည်။ဆိုင်ခန်းဟု သပ်သပ်မဆောက်ထား၍ အိမ်ရှေ့မှ အစွယ်ချထားသော အမိူးအောက်တွင်သာ ဆိုင်ခန်းတစ်ခုဖြစ်အောင်စီမံရတော့၏။
"ဘာတွေ လုပ်ပေးရအုမ်းလဲ...."
ခွန်းမြတ်က အဏ္ဏဝါ၏အနီးမှနေ၍ မေးလိုက်သည်။
""မလုပ်ရဘူး ဘာမှ ၊ ငါပဲ အကုန်လုပ်မယ် ။ မင်းကို ချွေးတစက်တောင်မထွက်စေချင်ဘူး...."
အဏ္ဏဝါက ခွန်းမြတ်ကို ဘေးတွင်သာ ထိုင်ကြည့်နေစေ၏။
"ငါ့ စိတ်တိုင်းကျလိုက်လုပ်ပေးနေရလို့ ငါ့ကို စိတ်ကုန်နေပြီလား အဏ္ဏဝါ ..."
"စိတ်ကုန်စရာလား အချစ်ရယ်..... ။ နှဖူးကချွေး ခြေမကျအောင် ရုန်းကန်နေရလည်း စိတ်မကုန်ဘူး။ခါးမှာ ဝတ်ထားတဲ့ ပုဆိုးကို ခိုင်အောင်ဝတ်ပြီး မင်းဖြစ်ချင်တာတွေကို လိုက်လျောပေးမယ်...။ မင်းမျက်နှာ မငယ်အောင်ထားပေးမှာ......"
"ငါမင်းကို ချစ်တယ် ......"
ခွန်းမြတ်က အဏ္ဏဝါ၏ ချွေးစို့နေသော ကိုယ်ခန္ဓာကို သိုင်းဖက်လိုက်၏။ ခွန်းမြတ်က အဏ္ဏဝါကို ထပ်တိုးပိုချစ်ရသလို သူခိုင်းသမျှလုပ်ပေးနေရ၍ အားနာသလိုဖြစ်လာသည်။
ဈေးဆိုင်ပုလေးတစ်ခုတော့ ကောင်းမွန်စွာပြီးဆုံးသွားခဲ့ပြီ။ဝါးစားပွဲရှည်ရှည်တို့ကို ဈေးပစ္စည်းတို့တင်ရန်အတွက် နေရာချထားလိုက်၏။ဆိုင်မဖွင့်ခင် ဈေးပစ္စည်းများ၏ တန်ဖိုးများကို အရင်ဦးစွာ စာရင်းလုပ်ရအုမ်းမည်။ခွန်းမြတ်က ဆိုင်ခန်းလေးရှေ့သို့ ထွက်ကာ ခါးထောက်လျက် မိန့်မိန့်ကြီးပြုံးလျက်ကြည့်၏။ သူ၏ စိတ်ကူးတို့က အကောင်အထည်ပေါ်လာခဲ့ပြီ။
"သဘောကျလား ...?"
ခွန်းမြတ်က ပြုံးလျက်ပင် ခေါင်းငြိမ့်ပြသည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...