ကျေးငှက်သံတို့က တသီသီ။တောင်ကျချောင်းရေတို့ကလည်း တသွင်သွင်။လေးထောင့်ဆန်ဆန်ကျောက်ဖြာချပ်ပေါ်တွင် ထိုင်နေကြသည်က ရှမ်းဘောင်းဘီ ဆင်တူဖြင်ြအမျိုးသားနှစ်ဦးပင်ဖြစ်ချေသည်။စိတ်ဂနာမငြိမ်မှုကြောင့် ကျောက်ဆောင်အစွန်းမှ ခြေတွဲလောင်းချလျက် လွှဲစပြုလျက်။
"နာနေသေးလား"
တိုးညှင်းညှင်းဖြင့် မေးလာသော ထင်မဏိ၏ စကားသံကာ မမာလွန်းသလို နူးညံ့မှုတို့ကလည်း အနည်းငယ်ရှိနေသယောင်။ပတ်တီးလိပ်များပြည့်သိပ်နေအောင်ပတ်ထားသော တံတိုင်း၏ ဝမ်းဗိုက်ကို လက်ဖြင့်ပွတ်သပ်ကိုင်ကြည့်မိ၏။သူ့ကြောင့်ဖြစ်သွားသောကြောင့် လျစ်လျှူရှုမထားနိုင်။
တံတိုင်းမှာတော့ ခပ်တွေတွေဖြင့်သာ စီးနေသော တောင်ကျချောင်းကို စူးစိုက်ကြည့်နေသည်။အပေါ်ပိုင်းကို ဗလာကျင်းထားပြီး အပေါ်မှ ခပ်ပါးပါးချည်စောင်တစ်ထည်ကို ပခုံးထက်မှနေ၍ ခြုံထည်သဖွယ်ခြုံလျက်ပင်။
"ငါရေချိုးလို့ရမလား ..."
"အင်း ၊ ငါ ကူပေးမယ် "
ထင်မဏိက တံတိုင်း၏ ကိုယ်ကို တွဲထူလျက် ကျောက်ဖြာပေါ်မှ တသွင်သွင်စီးနေသော တောင်ကျချောင်းထဲသို့ ရောက်စပြုခဲ့ချေပြီ။
"ပတ်တီး ဖြေကြည့်ရအောင်"
ထင်မဏိမှာ တံတိုင်း၏ ဝမ်းဗိုက်မှ ပတ်တီးလိပ်ကို ဖြေရန်ပြင်ချိန်တွင်တော့ တံတိုင်းကိုယ်ကို သိုင်းဖက်ဟန်ဖြစ်သွား၏။ကိုယ်ခန္ဓာမှာကား ခပ်နွေးနွေးမျှသာ။လေစိမ်းတို့တိုက်ခံထားရ၍ တံတိုင်း၏အသားမှာ ညိုသလိုပင်။ပတ်တီးလိပ်ကိုဖြေလိုက်ချိန်တွင် တံတိုင်း၏ ဝမ်းဗိုက်မှ အနာတို့က သက်သာသလောက်ရှိနေပေပြီ။အရှင်းတော့ မပျောက်သေးပေ။
နူးညံ့အိစက်မှုများ သိပ်မရှိလှပါသော ယောက်ျားသားတစ်ဦး၏ ကိုယ်ကို ဖက်တွယ်လိုက်ရသည်က ခံစားမှုတစ်မျိုးပင်။အမျိုးသားနှင့် အမျိုးသမီးတွင် ကွဲပြားသည်က လိင်အင်္ဂါပင်ဖြစ်သလား ၊ ခန္ဓာကိုယ်အချိုးအစားတို့ပင် ဖြစ်ပါလိမ့်မည်လား။ချစ်ခြင်းမေတ္တာတို့သည် လိင်တူ ၊ လိင်ကွဲတို့ ခွဲခြားပါမည်တဲ့လား။အပုပ်ကောင်ကို ရုပ်ဆောင်ဆိုသည့်အတိုင်း အိုနာသေရကြရမည်က အမှန်ပင်။ ယောက်ျားသားဖြစ်ဖြစ် ၊ မိန်းမသားဖြစ်ဖြစ် ကိုယ့်အပေါ်ကို မေတ္တာစစ်ဖြင့်ချစ်ရန်သာအရေးကြီးပေမည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...