Part(17)Zawgyi

363 3 0
                                    

"မယဉ်မေ....."

ထင်မဏိ၏ခေါ်သံမှာက အနုအယွ။

"ရှင်"

"ကျုပ် အဘကိုပြောလိုက်ပြီမယဉ်မေ၊ မယဉ်မေက ကျုပ်ကို အဖြပေးရင် အဘလိုက်တောင်းပေးရမယ်လို့ "

"အို...ကိုထင့်နှယ် ယဉ်‌မေက အဖြေတောင်မပေးရသေးတာကို "

"ဘယ်လိုလဲ မယဉ်မေ"

"ကျုပ်မယဉ်မေကို မေတ္တာရှိနေတာကို မယဉ်မေမရိပ်မိတာလား..ဟင်"

"မဟုတ်ပါဘူး ၊ ယဉ်မေရဲ့မိဘတွေက ယဉ်မေ့ကို တင့်တောင်းတင့်တယ် ဖြစ်စေချင်တာလေ ။ ကိုထင်က ယဉ်မေ့ကို လူတန်းစေ့ တင်မတောင်းနိုင်ဘူး မဟုတ်လား"

"မယဉ်မေ...."

ထင်မဏိ၏ အသံတို့မှာကာ ခပ်ပြတ်ပြတ်နှင့် မာမာထန်ထန်။

""ငွေမက်တာလား ယဉ်မေရယ် ၊ အဘရဲ့ ခြံတွေကိုရောင်းပြီး ကိုထင့်က တင်တောင်းလာရင်ရော ယဉ်မေလက်ခံမှာလား"

ယဉ်မေမှာ ခေါင်းငုံ့လျက်သား။

"ယဉ်မေစဉ်းစားပေးပါ့မယ်"

ထင်မဏိမှာတော့ ယဉ်မေ့ကို စိတ်ပျက်မိသလိုအားလျော့မိ၏။မထင်ရဘူးယဉ်မေရယ် ၊ ငွေနောက်လိုက်နေတာများ အချစ်ကိုတောင်လျစ်လျှူရှုထားတယ်။

ထင်မဏိက သဘောကျနေသည့်ယဉ်မေ။ ငွေမက်လှသော ယဉ်မေ။ရုပ်ကလေးလှသလောက် ငွေနောက်ကို ကောက်ကောက်ပါအောင်လိုက်သည့် ယဉ်မေ။

"ကျုပ်ရေအိုး ပင့်ပေးပါရစေမယဉ်မေ"

ယဉ်မေက အသာအယာပင်လက်ခံလေ၏။ထင်မဏိမှာ ယဉ်မေခေါင်းပေါ်သို့ ရေအိုးမကာ ပင့်ပေးဘိုက်လေသည်။
ယဉ်မေက ရေအိုးခေါင်းပေါ်ပင့်ပြီး ရွာ၏ ကမ်းပါးရိုးအတိုင်း ဘယ်လှည့်ညာလှည့် ဟန်ချီလျက်သွားချေ၏။

ယဉ်မေဆိုသူက ထင်မဏိသဘောကျနေသော မိန်းကလပင်။

"ထင်မဏိ...."

ဟိုဘက်မှ ရွာမှ ပြန်လာသော တံတိုင်းနှင့် ရွာမြောက်ပိုင်းက ရေတွင်းကြီးတွင် ဆုံကြ၏။လူနှစ်ယောက်စာခန့်သာ ကျယ်သော လယ်ကန်သင်းတို့ မှ ဖြတ်၍ လာရသော လယ်ကွင်းတို့၏ အလည်တွင်ရှိသော ရွာ၏ သောက်ရေ သုံးရေကန်တစ်ခုပင်။

Strong heartbeat [ COMPLETE ]Where stories live. Discover now