အဏ္ဏဝါနှင့် ခွန်းမြတ် ချစ်သူဖြစ်ကြသည်မှာ နှစ်လကျော်ခန့်ရှိလာပြီဖြစ်သည်။နှစ်ယောက်သားမှာလည်း တယောက်အကြောင်း တယောက်ပိုသိလာကြသည်။
"မင်းအတွက်...."
ခွန်းမြတ်က Black Coffee တခွက်ကို အဏ္ဏဝါ့ဆီသို့ ကမ်းပေးလိုက်သည်။သောက်ခါနီးမှ ဖျော်လာ၍ ကော်ဖီမှာ အနံ့တသင်းသင်းဖြင့် အငွေ့များ ပျံ့လွင့်နေသည်။
အဏ္ဏဝါက ကော်ဖီကို တစ်ငုံခန့်သောက်ပြီး.....
"ကော်ဖီက ချိုလိုက်တာ"
"အဲ့ဒါ Black Coffee လေ မင်းရူးနေတာလား"
Black Coffee ကို ချိုသည်ဟုပြောသည်မှာ အလွန် ကြောင်တောင် တောင်နိုင်သော အပြုအမူပင်။
"ငါ မင်းနှာကြည့်ပြီး သောက်နေလို့ ကော်ဖီက ချိုနေတာ"
"အဏ္ဏဝါ ...၊ မင်းရဲ့ လျှာရိုးမရှိတဲ့စကားတွေပြောနေတာ ဘယ်အချိန်မှ ရပ်မှာလဲ"
"....."
"ငါ့ပါးစပ်ပိတ်စေချင်ရင် ငါ့နှုတ်ခမ်းကို မင်းနှုတ်ခမ်းနှင့် လာပြီး ဖိထားလိုက်။ အဲဒါ အကောင်းဆုံးနှင့် အထိရောက်ဆုံးပဲ"
အဏ္ဏဝါက နှုတ်ခမ်းထော်လျက် ခွန်းမြတ်နားသို့ တိုးကပ်သွားသည်။ခွန်းမြတ်က ကလေးကလားဆန်နေသော အဏ္ဏဝါ့ အပြုအမူကိုကြည့်လျက်
"ပြွစ်...၊ မင်းက တကယ့်အရူးပဲ"
ခွန်းမြတ်က အဏ္ဏဝါ၏ နှုတ်ခမ်းနှင့် နှုတ်ခမ်းသားခြင်းတေ့ကာ အချိန်အနည်းငယ်ကြာအောင် ဖိကပ်ထားလိုက်သည်။
"တွေ့လား ငါအသံမထွက်လာတော့ဘူး"
အဏ္ဏဝါက ခွန်းမြတ်၏ ပါးကို ဖဲ့လျက် ဆိုလိုက်၏။
ခွနမြတ်က အနည်းငယ် ရှက်သွား၍ အဏ္ဏဝါနှင့် မျက်နှာလွှဲလိုက်သည်။ပြီးနောက် ပါးစပ်ကို လက်ဖြင့် အုပ်လျက် အဏ္ဏဝါ မမြင်အောင် ခိုး၍ ပြုံးလိုက်သည်။
"တော်တော့....၊လူကြမ်းရုပ်နဲ့ အနုအယွတွေ လာလုပ်ပြေနတယ်"
အဏ္ဏဝါက ခွန်းမြတ်၏ ခါးကို နောက်မှ သိုင်းဖက်လျက်
"ခွန်းမြတ် ငါ့ကို မချစ်ဘူးလားလို့ ...."
အဏ္ဏဝါက ကလေးတယောက်လို အပူလာကပ်နေပြန်သည်။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...