"အဘ..... ၊ မယဉ်မေကို မေတ္တာရှိနေပြီ"
"ဟေ ၊ ယဉ်မေတို့က သိပ်ပြီးကိန်းကြီးကြတာ ငါ့သားရ ။ ငွေလည်း မက်ပါကောလား "
"ဟုတ်တယ် အဘ ၊
ကျုပ်ကို လိုက်ပြီး တောင်းပေးပါလား "ထင်မဏိမှာ ယဉ်မေ့အိမ်သို့ နားဖောက်ပေးရန် သူ၏ အဘကို အပူကပ်ချေသည်။
"ယဉ်မေကကော ပြန်ပြီး မေတ္တာမျှရဲ့လား "
အဘ၏ စကားကြောင့် ထင်မဏိ ငြိမ်ကျသွားကာ
"မယဉ်မေက ငွေအမောက်များများနှင့် လာတောင်းရင် စဉ်းစားပေးတဲ့ ။ ကျုပ်မယဉ်မေကို ချစ်နေမိပြီ၊ အဘ.... "
"ငါ့သား စိတ်တိုင်းကျဖြစ်စေရမယ် ၊ အဘရဲ့ ခြံတစ်ခြံကို ဖြုတ်လိုက်ရင် ငွေတွေဝင်လာမှာပါ "
ထင်မဏိမှာ အပြုံးပန်းတို့ ရွှန်းရွှန်းဝေလျက်ပင်။အဘမှာလည်း ထင်မဏိအားကြည့်လျက်ပြုံးလျက်သာနေလိုက်သည်။
ကြိုးကြာရိုးမတောင်ခြေသို့ ခရီးစဉ် .........
အဏ္ဏဝါခန့်ညား ၊ ခွန်းမြတ်သုတပိုင် ၊ တံတိုင်း ၊ ထင်မဏိတို့က ကျောတွင် ပိုးအိတ်တစ်လုံးစီလွယ်လျက်သားဖြင့် ခရီးဆက်ခဲ့ကြချေပြီ ။ လက်နက်ပစ္စည်းအပြည့်အစုံတို့ကိုလည်း အိတ်တစ်ခုထဲတွင် စုထည့်လျက် လက်မှ ကိုင်ဆွဲလျက်သား လျှောက်လှမ်းလာကြ၏။
ကြိုးကြာရိုးမတောင်ခြေ.......
ကြိုးကြာကန်ရွာ၏ အနောက်ဖက် သံတောင် ၊ ဖူလွင်တောင်တို့ကို ဖြတ်ကျော်ပြီးမှ မြင့်မားမတ်စောက်သော ကြိုးကြာရိုးမတောင်ခြေကို ရောက်ပေလိမ့်မည်။ခရီးကား ကြမ်းတမ်းလှချေ၏။ မတ်စောက်လှသော တောင်စောင်းတို့ကို တွယ်တက်ကြရ၏။ယာဉ်တို့၏ အကူအညီကင်းမဲ့စွာဖြင့် ခြေလျှင်သာလျောက်လှမ်းလာရ၍ ခရီးနင့်ပေပြီ။
ပထမဦးစွာ ဖြတ်ကျော်ကြရသည်က သံတောင် ။ အပူပိုင်းဒေသနှင့် နီးကပ်၍ သံတောင်မှာ ရှားပင်တို့ အစုလိုက်အပြုံလိုပင် ပေါက်ရောက်လျက် ရှိလေ၏။ တောင်တက်ရသည်မှ သိပ်ပြီး မတ်စောက်မှု မရှိလှသေး ။ သာမန်တောင်များတက်ရသကဲ့သို့ပင် အလွယ်တကူပင် လမ်းရှင်းကာသွားရပေ၏။
YOU ARE READING
Strong heartbeat [ COMPLETE ]
Romanceစာရေးသူ၏ စိတ်ကူးယဉ်ရေးသားမှုဖြစ်၍ လက်တွေ့ဘဝနှင့် စပ်လျဉ်းနှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနဲ့ရှင်။ Seme possessive Type ! Uke Strong ! !စိတ်ကူးယဉ်ဝတ္ထုသာ ဖြစ်ပါသည်! Mature : 3 parts Annawar Khantnyar + Khoon Myat Thuta Paing ∆ Start. October 25,2023 / ...