Part (10) Uni

1.4K 28 0
                                    

မှန်လှောင်အိမ်ထဲတွင် အပေါ်မှ မီးသီးဝါညက်ညက်ထွန်းထားသော မြပုလဲရတနာ။မြပုလဲရတနာ၏ပိုင်ရှင် ဦးလှဆွေကို ရောဂ်းရန် ကမ်းလှမ်းခဲ့သော် ဦးလှဆွေက ငြင်းဆန်နေ‌ခြင်းကြောင့် ခိုးယူရန်အတွက် လာခဲ့ကြရခြင်းဖြစ်သည်။

ရှေးဟောင်းရတနာဖြစ်၍ မြပုလဲရတနာလည်ဆွဲ၏ အရှိန်အဝါမှာ အထင်းသားပေါ်ထွက်နေသည်။လည်ဆွဲကြိုးကို မြကျော်တို့ဖြင့် စီခြယ်ထားပြီး ဆွဲသီးကို ဒင်္ဂါးပြားစေ့သဏ္ဌာန် အဝိုင်းပုံစံလုပ်ထားသည်။ထူခြားသည်က ထိုအဝိုင်းပုံစံမြလည်ဆွဲထဲတွင် ရှေးခေတ်လူတစ်ဦး၏ ဝတ်စားဆင်ယင်ပုံတို့ကို အနုစိပ်ပြီး ပုံဖော်ထားခြင်းဖြစ်သည်။ထို့အတွက်ကြောင့်လည်း ဦးလှဆွေက ‌ရောင်းရန် ကန့်ကွက်ခြင်းဖြစ်လိမ့်မည်။

အခုလို လက်ထဲသို့ရောက်ရှိတော့မည့် မြပုလဲရတနာမှာ အဏ္ဏဝါတို့၏ မျက်စိရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်ရှိလာပြီဖြစ်သည်။ခွန်းမြတ်က မြပုလဲရတနာလည်ဆွဲဆီသို့ လက်လှမ်းဆွဲလိုက်ချိန်

"ဖြပ်...."

အပ်ချည်ကြိုးတစ်ချောင်းကို ဖြတ်လိုက်ရသလို အထိအတွေ့ကို ခွန်းမြတ်ခံစားလိုက်ရသည်။ထို့နောက် ထွန်းထားသော ဝါကျန်ကျန့်မီးသီးဝါမှာ

"ဖောင်း!!!!!......"

အသံအာကျယ်လောင်စွာဖြင့် အပိုင်းအစငယ်ပေါင်းအမြောက်အများဖြင့်ကွဲထွက်လာတော့၏။

"ခွန်းမြတ်....."

အဏ္ဏဝါက ခွန်းမြတ်ကို သူ၏ ကျောဖြင့်ကာလိုက်ပြီး။လွင့်စင်လာသော ဖန်သီးစတို့ ရန်မှ ကာကွယ်လိုက်သည်။တပြိုင်နက်ထဲမှာပင် မှောင်နေသော အခန်းမှာ မီးများလင်းထိန်စွာပွင့်လာပြီး တဝီဝီဖြင့် အချက်ပေး မီးနီများလင်းထိန်လာပြီး အသံပြုကြကုန်သည်။

ဦးလှဆွေမှာ အိပ်ယာက အချက်ပေးမီးသံတို့ကြောင့် လန့်နိုးလာပြီး မြပုလဲရတနာရှိရာသို့ ပြေးလာခဲ့လိုက်သည်။

"အခြေအနေမကောင်းဘူး ...

အဏ္ဏဝါက မြပုလဲရတနာလည်ဆွဲက်ု လက်ထဲတွင် ဆွဲယူလိုက်ပြီး ကျန်ရှိနေသည့် လက်နောက်တဖက်မှ ခွန်းမြတ်စ လက်ကို ဆွဲထားလိုက်သည်။ခွန်းမြတ်မှာတော့ အဏ္ဏဝါလုပ်သည့် အတိုင်း တသွေမတိမ်းလိုက်နာ လုပ်ဆောင်လေ၏။

Strong heartbeat [ COMPLETE ]Where stories live. Discover now