Part(Part20)Zawgyi

321 3 0
                                    

"ငါ့နောက်ကပ်လိုက်လာ"

ရေညှိတက်နေသော ကမ်းပါးယံတို့ကို အသာထိန်းကာ လျောက်နေကြရ၏။ကျောက်ကမ်းပါးယံကြီးမှ စိမ့်ထွက်နေသောရေတို့ကြောင့် ကျောင်ဆောင်တွင် ရေညှိတက်ကာချွဲကျိကျိပင်။အောက်ကိုပြန်ငုံကြည့်တော့လည်း ကမ်းပါးစောင်းမှာ နက်စောက်လွန်းလှ၏။မှောင်ဖုံးကာ မည်းမှောင်လျက်ပင်ဖြစ်နေသည်။

"ဘယ်ကိုဆက်သွားရမှာလဲ"

ခွန်းမြတ်က စိတ်မရှည်သည့်ဟန်ဖြင့်မေးချေ၏။ကျောက်ဆောင်ကို ကုပ်တ်ထားသော အဏ္ဏဝါက သူ၏လက်တစ်ဖက်ကိုဖြုတ်ချလိုက်ပြီး ခွန်းမြတ်၏လက်ကို ဆုပ်ကိုင်မည်အပြု

"အ"

ချွဲပြစ်ပြစ်ရေညှိတို့ကြောင့် အနည်းငယ် ခြေချော်ဟန်ဖြစ်သွား၏။သို့သော် ဟန်ချက်ညီအောင်ထိန်းနိုင်မှုကြောင့် ဘယမှ မဖြစ်သွားပေ။

"ငါရှိတယ်နော်..မင်းရဲ့ဘေးမှာ "

နွေးနွေးထွေးထွေးဆုပ်ကိုယ်ထားသည့်လက်တစ်စုံနှင့် အားပြည့်စေသော အဏ္ဏဝါ၏ အားပေးနှစ်သိမ့်မှုအောက်တွင် ခွန်းမြတ်မှာ ကျရှုံးရစမြဲ။

ကျောက်ဆောင်စွန်းကြီးပေါ်မှ အတိမ်းအစောင်းမရှိ ဖြတ်ကျော်လာခဲ့ကြပြီးချိန်တွင် ဝါးစိမ်းရွက် နုနုတွေနှင့် ဝါးတောတစ်တောပင်။

"ဒီနေရာပဲ"

မြေပုံကိုကိုင်လျက် ပြောလာသူက ထင်မဏိပင်။အရပ်လေးမျက်နှာကို တည့်တည့်ရပ်ကာ လှည့်၏။မည်သည့်ဘက်ကို သွရမည်ကိုလဲ ဝေခွဲတတ်ပုံမပေါ်။

"ငါ့မှာ သံလိုက်အိမ်မြှောင် ရှိတယ် "

ခွန်းမြတ်က သူ၏ ဘေးအိတ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ကာပေးချေ၏။တံတိုင်းမှာတော့ လက်ထဲတွင် ဓားရှည်တစ်ချောင်းကိုသာ ကိုင်တွယ်ထား၏။အဏ္ဏဝါမှာလည်း လက်ထဲမှ ပစ္စတိုကို ကျည်ဖြည့်နေ၏ ။

"ဒီဘက်ကို သွားကြည့်ရအောင်"

ထင်မဏိက မြေပုံကို ကြည့်လျက်သားဖြင့် ရှေ့သို့ တစိုက်မတ်မတ်သာသွားလေ၏။

"ရှေ့မှာ ကမ်းပါးစောင်း!!!"

တံတိုင်းမှာ လှမ်းဆွဲသော်လည်း အစွန်းအဖျား အသားကိုသာ ထိတွေ့ခွင့်ရခဲ့၏။

Strong heartbeat [ COMPLETE ]Where stories live. Discover now