Prologue

168 18 0
                                    

‘ ထိပ်တန်းသရုပ်ဆောင် Kim Doyoungနဲ့
T&Y Jewelleryရဲ့ပဲ့ကိုင်ရှင် Lee Taeyongတို့ THE SECOND CHANCE
ဟုခေါ်သော Dating Showတစ်ခုတွင် အတူတကွပါဝင်လာနိုင်ဖွယ်ရှိ ’ဟူသောသတင်းက ယနေ့ရဲ့Hot Issueတစ်ခုအဖြစ် တောင်ကိုရီးယားနိုင်ငံရဲ့SNSတိုင်းမှာနေရာယူလို့နေသည်။
ဟုတ်သည်လား၊မဟုတ်သည်လားမသေချာတဲ့သတင်းဆိုပေမယ့် နှစ်ယောက်လုံးကGayအဖြစ်တရားဝင် Come Outလုပ်ထားသူတွေမို့ SNSသုံးစွဲသူတွေကြား စိတ်ဝင်တစားဖရဲသီးစားစရာကိစ္စဖြစ်လို့နေရဲ့။

Snsမှာပွထနေတဲ့သတင်းကိုဖတ်ပြီး ဒိုယောင်းသက်ပြင်းချမိသည်။
သူစဉ်းစားပါဦးမယ်လို့ပြောလိုက်တဲ့ကိစ္စက ဘယ်လိုလုပ်ပေါက်ကြားသွားပြီး ဒီလောက်ကြီးမားတဲ့သတင်းဖြစ်သွားရသည်မသိပါ။
ပေါက်ကြားသွားတာအကြောင်းမဟုတ်ပေမယ့် သူ့ကြောင့်ထယ်ယုံးကိုပါထိခိုက်စေသလိုဖြစ်နေတာကြောင့် အတော်လေးကိုစိတ်ရှုပ်ရပါသည်။

“ ဒိုယောင်းနား ပရိုဂျူဆာဂျောင်ဆီကဖုန်း ”

မန်နေဂျာဟျောင်းလွှဲပေးလာတဲ့ဖုန်းကိုလှမ်းယူပြီး နားနားကိုကပ်လိုက်တော့ ဂျယ်ဟျွန်းရဲ့အသံက နားစည်ကိုရိုက်ခတ်လာသည်။

“ ဟျောင်း အဆင်ပြေရဲ့လား ”

“ အင်း ငါကအဆင်‌မပြေစရာဘာရှိလဲ သူ့ကိုသာ... ”

“ ထယ်ယုံးဟျောင်းကိုစိတ်မပူနဲ့ အဆင်ပြေတယ်တဲ့ ကျွန်တော်ဖုန်းဆက်ပြီးသွားပြီ ”

ဂျယ်ဟျွန်းဆီကထယ်ယုံးဆီဖုန်းဆက်ပြီးသွားပြီဖြစ်ကြောင်းသိရမှ ဒိုယောင်းမှာစိတ်သက်သာရာရသည်။
မဟုတ်ရင် ကိုယ့်ကိုယ်က်အပြစ်တင်စိတ်ကြီးနဲ့ ဒီညအိပ်လို့ပင်ပျော်တော့မှာမဟုတ်။

“ ဒါနဲ့ ဟျောင်း ထယ်ယုံးဟျောင်းက ရှိုးမှာအတူတူပါရင်ရော ဘယ်လိုလဲတဲ့ ကျွန်တော်ကတော့ ဟျောင်းကစဉ်းစားဦးမယ်လို့‌‌ပြောတယ်လို့ပဲပြန်ပြောထားလိုက်တယ် ”

ဂျယ်ဟျွန်းဆီကဖုန်းချသွားတော့ ဒိုယောင်းဆိုဖာပေါ်မှာခြေပစ်လက်ပစ်လှဲချလိုက်မိသည်။

“ ဘာတဲ့လဲ ”

“ ထယ်ယုံးဂီက ကျွန်တော်နဲ့အတူတူ အဲ့ရှိုးမှာပါရင်ရောဘယ်လိုလဲလို့မေးတယ်တဲ့ ဂျယ်ဟျွန်းနီကို ”

THE SECOND CHANCE Where stories live. Discover now