Question No (6)

61 11 1
                                    

“ ချစ်သူဖြစ်ပြီးနောက်ပိုင်း ပထမဆုံးပေးဖူးတဲ့လက်ဆောင်ပစ္စည်းကဘာများဖြစ်မလဲ ”

“ လက်ကိုင်ပုဝါပေါ်မှာကိုယ်တိုင်ချည်ထိုးပြီး‌ပေးခဲ့တာပါ အဲ့တုန်းက... အဲ့စကားကိုမယုံကြည်ခဲ့ပေမယ့် လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ အဲ့စကားကအမှန်ပါလားဆိုတာကို လက်ခံလိုက်ရပါတယ် ”

“ ဘယ်လိုစကားများလဲ ”

“ ချစ်တဲ့သူကလက်ကိုင်ပုဝါပေးရင် ဝေးရတတ်တယ်ဆိုတဲ့စကား ”
.

.

ရာသီတွေပြောင်းပြီးနောက် အရာအားလုံးက ထယ်ယုံးဆန္ဒရှိခဲ့တဲ့အတိုင်းဖြစ်လာခဲ့သည်။
နှစ်ယောက်သားချစ်သူဖြစ်ပြီးနောက်ပိုင်း ဒိုယောင်းကစာပိုကြိုးစားသလို ထယ်ယုံးကလည်းသင်တန်းတက်ရင်း အချိန်ပိုင်းအလုပ်တွေကြိုးစားလုပ်ခဲ့တာမို့ ‌နှစ်ယောက်သားတက္ကသိုလ်တစ်ခုတည်းမှာတက်ခွင့်ရခဲ့သလို နှစ်ယောက်တည်းအတူနေခွင့်လဲရခဲ့သည်။

နှစ်ယောက်သားရဲ့ဆက်ဆံရေးကို တမင်ထုတ်မပြထားသလို တကူးတကလည်းကွယ်ဝှက်ထားတာမျိုးမရှိလေတော့ ကျောင်းစဖွင့်ကာစမှာတော့ နှစ်ယောက်သားအတော်လေးအပြောအဆိုခံခဲ့ရပေမယ့် ‌စာသင်နှစ် နှစ်တစ်ဝက်လောက်ကြာပြီးနောက်မှာတော့ အရာအားလုံးကနေသားတကျဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်မှာ သူတို့ရဲ့ဆက်ဆံရေးကိုလက်ခံသူတွေများလာခဲ့သည်။

“ အချစ်ရဲ့ကိုယ်ရံတော်လေး ပြဇာတ်မေဂျာကိုသွားတော့မလို့လား ”

အတန်းထဲကထွက်လာခါနီးမှာ တစ်တန်းတည်းသားဖြစ်တဲ့ ဂျွန်ယောင်းကလှမ်းစတော့ ထယ်ယုံးတစ်ချက်ရယ်ပြပြီး ခေါင်းငြိမ့်ပြလိုက်ကာ ထွက်လာခဲ့လိုက်သည်။

ပြဇာတ်ရုံရှေ့ရောက်တော့ သူ့ကိုစောင့်နေတဲ့ဒိုယောင်းကလက်လှမ်းပြတာမို့ ထယ်ယုံးမျက်နှာပေါ်က အပြုံးတို့ပိုမိုကျယ်ပြန့်လာပြီး ခြေလှမ်းတို့ပိုမိုမြန်ဆန်လာခဲ့သည်။

“ စောင့်နေတာကြာသွားပြီလား  အသည်း ”

“ မကြာပါဘူး အခုပဲပြီးတာ ”

“ ဒီနေ့ရော ဘယ်လိုလဲ အဆင်ပြေတယ်မလား ”

“ အွန်း ဒါနဲ့ ဒီတစ်ခေါက်ကျောင်းကပွဲမှာ ငါတို့မေဂျာကပြဇာတ်တစ်ပုဒ်ထွက်မယ်တဲ့ အဲ့တာဆရာမကငါ့ကိုလဲပါဖို့ကမ်းလှမ်းထားတယ် အဲ့တာလက်ခံလိုက်သင့်တယ်လို့ထင်လား ”

THE SECOND CHANCE Where stories live. Discover now