12

51 7 0
                                    

ဒုံဟျွန်းဟျောင်းဆီကတောင်းထားတဲ့ ဒိုယောင်းရဲ့အချိန်ဇယားစာရွက်ကိုကြည့်ပြီး ထယ်ယုံးငေါင်ငေါင်ကြီးထိုင်နေမိသည်။
ဒိုယောင်းပြောသွားတဲ့စကားတွေက အခုထိနားထဲကမထွက်သေး။
ဘယ်တော့မှအရင်လိုမဖြစ်နိုင်တော့ပါဘူးတဲ့။ ခါးသီးလွန်းတဲ့ဒိုယောင်းရဲ့သဘောထားကို ထယ်ယုံးနာနာကျင်ကျင်လက်ခံလိုက်ရသည်။

“ ထယ်ယုံးနား ”

အနောက်ကနေ ရုတ်တရက်ရောက်လာတဲ့ထယ်ယွန်းနူးနားမသိရအောင် မျက်ဝန်းထောင့်မှာတွဲခိုနေတဲ့မျက်ရည်စတွေကို ကမန်းကတန်းပွတ်သုတ်လိုက်ပြီးမှ နူးနားဆီလှည့်ကြည့်လိုက်မိတော့သည်။

“ ဘာလို့လဲ နူးနား ”

“ ဘာဖြစ်နေတာလဲ မျက်နှာက ”

“ ဘာမှမဖြစ်ပါဘူး ဘာကိစ္စရှိလို့ အိမ်အထိ ရုတ်တရက်ကြီးရောက်လာတာလဲ ”

“ ဖုန်းဆက်နေတာကိုမကိုင်လို့လေ ကောင်စုတ်လေးရဲ့ ”

“ အာ ဆောရီး ဖုန်းကိုအသံပိတ်ထားမိလို့ တစ်ခုခုရှိလို့လား ”

“ အင်း နင့်ကိုဒါလာပေးတာ ”

“ ဘာကြီးလဲ ”

ထယ်ယွန်းနူးနားကမ်းပေးလာတဲ့ဖိုင်ကိုလှမ်းယူလိုက်ရင်း ထယ်ယုံးမေးခွန်းထုတ်မိသည်။ နူးနားအိမ်အထိလိုက်လာတယ်ဆိုကတည်းက ကိစ္စတစ်ခုခုရှိလို့ဆိုတာသိပေမယ့် ကိုယ်ပိုင်ဘရန်းအဖြစ်တည်ထောင်ဖို့ D&Tကနေထွက်လာကတည်းက နူးနားနဲ့သူကြားမှာ အလုပ်နဲ့ပတ်သက်ပြီးပြောစရာမရှိတော့တာမို့ အခုလိုဖိုင်ကြီးလာထိုးပြတာကိုက ထူးဆန်းနေလေသည်။

“ ဒို‌ယောင်း-ssiနဲ့ရိုက်ဖို့စီစဉ်ထားတဲ့ကြော်ငြာလေ နင့်ကိုလာပြတာ
ဘာပဲပြောပြော နင်ဆွဲထားတဲ့ဒီဇိုင်းတွေဆိုတော့ နင်သိသင့်တယ်ထင်လို့ ”

နူးနားပြောလိုက်မှ D&Tမှာရှိတုန်းက သူဆွဲပေးခဲ့တဲ့ဒီဇိုင်း‌တွေ နူးနားဆီမှာကျန်နေ‌သေးတာကို အမှတ်ရသွားမိသည်။ ထိုစဉ်ကတည်းက ဒိုယောင်းအတွက်ရည်ရွယ်ပြီးဆွဲခဲ့တဲ့ဒီဇိုင်းတွေမို့ လိုက်ဖက်မယ့်မော်ဒယ်ကိုမရှာနိုင်ခဲ့တာကြောင့် မထုတ်ဖြစ်ခဲ့ဘဲ အခုထိကျန်နေခဲ့တာဖြစ်ပြီး အခုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ဒိုယောင်းက Brand Ambassadorဖြစ်လာခဲ့တာမို့ နူးနားကအခွင့်အရေးကိုအမိအရအသုံးချလိုက်ဟန်တူသည်။

THE SECOND CHANCE Where stories live. Discover now