5

58 9 0
                                    

နောက်နေ့မနက် ဒိုယောင်းအိပ်ရာကနိုးလာတော့ ဂျောန်နီနဲ့ထယ်ယုံးကအိမ်မှာမရှိတော့။ တန်တစ်ယောက်တည်းကသာ ဧည့်ခန်းထဲမှာထိုင်ရင်း လက်ပ်တော့တစ်လုံးနဲ့အလုပ်များနေတာကိုတွေ့လိုက်ရသည်။

“ ဒိုယောင်း-ssi နိုးလာပြီလား ”

“ ဟုတ်ကဲ့ ”

“ ဗိုက်‌ဆာနေပြီလား ဘာစားချင်လဲ ကျွန်တော်ချက်ပေးမယ်လေ ”

တန်ကချက်ချင်းထလာတော့မလိုလုပ်လိုက်တော့ ဒိုယောင်းကပဲအမြန်တားလိုက်ရသည်။ သူ့ကြောင့်အခြားသူကိုအနှောင့်အယှက်မဖြစ်စေချင်ပါ။

“ မဟုတ်တာ မဟုတ်တာ ရပါတယ် မနေ့ကရေခဲသေတ္တာထဲမှာ ပန်းသီးတွေနဲ့နို့ဘူးတွေတွေ့တယ် အဲ့တာပဲစားလိုက်တော့မယ် ”

“ ဟုတ်ပါပြီ အာ ဟုတ်သား ထယ်ယုံး-ssiနဲ့ဂျောန်နီ-ssiက တောင်တက်မယ်ဆိုပြီး မနက်အစောကြီးကတည်းကထွက်သွားကြတယ် ”

“ အာ အဲ့လိုကိုး ဒါဆို ကျွန်တော်သွားစားလိုက်ဦးမယ် ”

ဒိုယောင်း ရေခဲသေတ္တာထဲက ပန်းသီးသုံးလုံးကိုထုတ်ယူကာ ရေဆေးပြီး ခပ်သေးသေးအတုံးလေးတွေဖြစ်အောင်စိပ်လိုက်ကာ နွားနို့နဲ့အတူဖျော်ရည်စက်ထဲမှာစက္ကန့်အနည်းငယ်လောက်ထည့်မွှေလိုက်ပြီးနောက် ခွက်ထဲပြောင်းထည့်ကာ တန်ရှိရာဧည့်ခန်းဆီပြန်ထွက်လာလိုက်တော့သည်။

တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်နေတဲ့တန့်ကိုကြည့်ရင်း သူ့မှာလဲဖတ်စရာဇာတ်ညွှန်းတွေရှိနေသေးတာကို သတိရလိုက်တာမို့ အပေါ်ကိုပြန်တက်သွားပြီး လက်ပ်တော့ယူကာ ပြန်ဆင်းလာလိုက်ရသည်။
ဒိုယောင်းပြန်ဆင်းလာတဲ့အချိန်မှာ တန်ကဧည့်ခန်းထဲမှာမရှိတော့။
သန့်စင်ခန်းသွားတာဖြစ်လောက်မယ်လို့ထင်တာကြောင့် လိုက်ရှာမနေတော့ဘဲ ဇာတ်ညွှန်းထိုင်ဖတ်နေရင်းမှ အရသာရှိမယ့်ဟမ်ဘာဂါအနံ့နဲ့ဆင်တူတဲ့အနံ့မွှေးမွှေးလေးတစ်ခုကိုရလိုက်တာကြောင့် အနောက်ကိုလှည့်ကြည့်မိတော့ ပန်းကန်တစ်ချပ်ကိုင်ထားတဲ့တန့်ကိုမြင်လိုက်ရသည်။

“ မနက်စာကို အသီးဖျော်ရည်တစ်ခွက်တည်းနဲ့ ဘယ်လိုလုပ်ဗိုက်ပြည့်မှာတဲ့လဲ ဒါလေးပါစားလိုက် ”

THE SECOND CHANCE Where stories live. Discover now