" နှစ်ယောက်မှာ ဘယ်သူကအရင်ဆုံးသဘောကျခဲ့တာလဲ သိခွင့်ရှိမလား "
Staffမိန်းကလေးရဲ့စကားကြောင့် ထယ်ယုံးရောဒိုယောင်းပါ အတွေးတွေများသွားရသည်။ သူတို့နှစ်ယောက်ကြားမှ ဘယ်သူက အရင်ဆုံးသဘောကျတာသွားတာလဲဆိုတဲ့မေးခွန်းက ဖြေရခက်လှသည်မဟုတ်ပါလား။
ထို့ကြောင့် နှစ်ယောက်စလုံးအချိန်ခဏယူကာ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေပေးလိုက်တော့သည်။" ကျွန်တော်အရင်ဆုံးသဘောကျခဲ့တဲ့သူဖြစ်မယ်ထင်ပါတယ် အဲ့လိုပေမယ့် တကယ်တမ်းတွဲဖြစ်သွားတဲ့အချိန်မှာ ပိုပြီးဂရုစိုက်ပေးပြီး ချစ်ပေးခဲ့တာက ထယ်ယုံးဂီဟျောင်းပါ "
" ပြန်စဉ်းစားကြည့်ရင် ကျွန်တော်ကအရင်သဘောကျမိသွားတာဖြစ်မယ်ထင်ပါတယ် ဒါပေမယ့် ပိုချစ်ခဲ့တဲ့သူကဒိုယောင်းဂီဖြစ်မှာပါ
တစ်ထပ်တည်းတူနေတဲ့အဖြေနှစ်ခုကိုကြားလိုက်ရတာမို့
ထယ်ယုံးဟျောင်းနဲ့ ဒိုယောင်းဟျောင်းရဲ့အင်တာဗျူးကို တည်းဖြတ်ရင်း ဂျယ်ဟျွန်းမှာမရပ်တန့်နိုင်အောင်ပြုံးနေမိသည်။ သူထင်ခဲ့သည့်အတိုင်း နှစ်ယောက်လုံးရဲ့ခံစားချက်တွေက တအုံ့နွေးနွေးရှိနေကြဆဲပင်။.
" သားရေ ယောင်းငယ်ရောက်နေပြီနော် "
မေမေ့အသံကြောင့် ထယ်ယုံးအိပ်ရာထဲက မထချင်ထချင်နဲ့ထလာရသည်။
မနက်မိုးလင်းတာနဲ့ အိမ်ကိုရောက်လာတဲ့ ကင်မ်ဒိုယောင်းဆိုတဲ့လူသားကပ်ခွာလေးကျေးဇူးနဲ့ ဒယ်ဂျောန်ရောက်ကတည်းက ထယ်ယုံးမှာတစ်ရက်မှအိပ်ရေးဝဝအိပ်ခွင့်မရ။" မြန်မြန်လာ အီထယ်ယုံး အမေကမင်းကြိုက်တဲ့မုန့်လုပ်ပေးထားလို့ ငါလာပို့ပေးတာ "
အကြီးကိုနာမည်တပ်ခေါ်ပေမယ့် ထယ်ယုံးမှာ အထွဋ့်ပြန်မတက်နိုင်။ ရောက်ရောက်ချင်းနေ့ကတည်းက ထယ်ယုံးကသူ့ထက်အသက်ကြီးနေလို့ဆိုပြီး ခြေစုံပွတ်ပြီး လူးလိမ့်နေအောင်ငိုတဲ့ ဆိုးပေလေးကြောင့် ခုနစ်လငယ်တဲ့ကောင်လေးဆီက နာမည်တပ်ခေါ်တာကို အောင့်သက်သက်နဲ့လက်ခံထားလိုက်ရသည်မှာ အခုဆို ခုနစ်နှစ်စွန်းစွန်းပင်ရှိသွားလေပြီ။
အမေအရင်းတစ်ယောက်လုံးက တစ်ဖက်ကိုပါနေတော့ ထယ်ယုံးမှာဘာမှမပြောသာတော့။
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __