လေးဆယ့်ငါးမိနစ်စာကြာတဲ့ ပထမဆုံးအပိုင်းမှာ ကြည့်ရှုသူတွေကိုစိတ်ဝင်စားစေမယ့် အပိုင်းအစအနည်းငယ်နဲ့ ပါဝင်သူလေးယောက်ကိုသွားကြိုပြီး ဒယ်ဂျောန်ကိုသွားပို့ခဲ့ပုံနဲ့ အချင်းချင်းတွေ့တဲ့အချိန် ဖြစ်သွားတဲ့တုန့်ပြန်မှုတွေကို ပညာသားပါပါ တည်းဖြတ်ကာ ထုတ်လွှင့်တာမို့ LIVE Chatထဲမှာ အားလုံးဆီကခန့်မှန်းချက်များစွာဖြင့် ပွက်လောရိုက်နေတော့သည်။
💬 - ဟောလ် ပရိုဂရမ်အဖွဲ့ရဲ့တည်းဖြတ်ချက်တွေက ရူးလောက်တယ် အပိုင်းတစ်ကြည့်ပြီးတဲ့အထိ ဘယ်သူကဘယ်သူရဲ့ရည်းစားဟောင်းလဲဆိုတာ ခန့်မှန်းလို့မရဘူး
ဒီအတိုင်းဆို သုံးပိုင်းကမနည်းလွန်းဘူးလား💬 - ကင်မ်ဒိုယောင်းကားပေါ်တက်လာတဲ့အချိန် သူ့ထက်အရင်ရောက်နေတဲ့သူကိုမြင်ပြီးဖြစ်သွားတဲ့ မျက်နှာအအမူအရာက အရမ်းချစ်ဖို့ကောင်းတာပဲ
💬 - ထယ်ယုံး-နင်မ်ကိုပထမဆုံးတွေ့လိုက်တုန်းက အရမ်းချောနေလို့ နည်းနည်းလန့်သွားမိတယ် ဘာလို့အနုပညာရှင်မလုပ်ခဲ့တာလဲမသိ
💬 - အာ ဂျောန်နီဘီ အရမ်းဆက်ဆီကျတယ် ဒီအတိုင်းထိုင်နေတာတောင်
💬 - ဘာလို့လဲမသိ ဒိုယောင်းနင်မ်က ဂျောန်နီဘီကိုတွေ့သွားတော့ အရမ်းအံ့ဩသွားသလိုပဲနော် မျက်နှာလေးက အရမ်းကိုဝင်းလက်သွားတာ
ㄴ 💬 - အပေါ်ကသူပြောတာကို ကိုယ်လဲသတိထားမိတယ် ဒါပေမယ့် ဂျောန်နီဘီနဲ့ဒိုယောင်းနဲ့က ရည်းစားဟောင်းလို့မခံစားရဘူး အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေလိုပဲ
ㄴ 💬 - အပေါ်ကသူပြောတာ လက်ခံနိုင်လောက်စရာဆိုပေမယ့် ဒိုယောင်းရဲ့ပရိသတ်တစ်ယောက်အနေနဲ့ဆို ဂျောန်နီဘီ ဒိုယောင်းရဲ့ရည်းစားဟောင်းဖြစ်နိုင်ချေရှိတယ်လို့ထင်တယ် ဂျောန်နီဘီနဲ့ဒိုယောင်းကို အတူတူတွဲမတွေ့ရတာ ခြောက်လလောက်ဖြစ်နေပြီလေ ရှိုးနာမည်ကိုက The Second Chanceဖြစ်နေတော့ နှစ်ယောက်ကကောင်းသောလမ်းခွဲခြင်းနဲ့လမ်းခွဲခဲ့တာမို့လို့ အခုလိုမျိုး သက်တောင့်သက်သာဖြစ်နေတာမဟုတ်ဘူးလားလို့တွေးမိတယ်
ㄴ 💬 - အပေါ်ကတစ်ယောက်နဲ့ ကျွန်မကတော့ ဆန့်ကျင်ဘက်ဘဲ ဘာလို့လဲမသိပေမယ့် အီထယ်ယုံး-နင်မ်က ဒိုယောင်း-နင်မ်ရဲ့ရည်းစားဟောင်းပဲလို့ခံစားမိတယ် ဒိုယောင်း-နင်မ်အိမ်ထဲဝင်လာတာကို ဂျောန်နီဘီ-နင်မ်ကသွားကြိုတော့ အကြည့်တွေက မနာလိုနေသလိုမျိုးခံစားရတယ်
ㄴ 💬 - မဟုတ်သေးပါဘူး အားလုံး ဘာလို့ တန်-နင်မ်ကိုဖယ်ထားကြတာလဲ ဒိုယောင်း-နင်မ် ကားပေါ်တက်လာတဲ့အချိန် တန်-နင်မ်ကိုမြင်တော့ အရမ်းအံ့ဩသွားတယ်မလား တစ်ယောက်နဲ့တစ်ယောက်သိနေသလိုမျိုး လန့်သွားပြီးမှ နေရခက်သလိုဖြစ်သွားတာရေည
ဘာပဲပြောပြော တတ်တူးပညာရှင်နဲ့ သရုပ်ဆောင်က ဒီအတိုင်းကြီး တစ်ယောက်နဲ့တစ်ယောက် သိနေစရာအကြောင်းတော့မရှိဘူးမလား
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __