3

62 9 0
                                    

တစ်ညတာကို အေးအေးသက်သက်ကုန်ဆုံးပြီးနောက် နောက်နေ့မနက်တွင် အစီအစဉ်အား စတင်ရိုက်ကူးလေပြီ။
ဇာတ်ညွှန်းကို ညကတည်းကကြိုပေးထားတာမို့ လေးယောက်လုံးအတွက် အဆင်မပြေဖြစ်တာမျိုးတော့မရှိ။ အနည်းဆုံးတော့ ဒီနေ့တစ်နေ့တာအတွက်ပေါ့။

ပေးထားတဲ့ဇာတ်ညွှန်းအရ ဒယ်ဂျောန်ရဲ့နယ်ခံနှစ်ယောက်ဖြစ်တဲ့ ထယ်ယုံးနဲ့ဒိုယောင်းက ဂျော်န်နီနဲ့တန်ကို ဒယ်ဂျောန်ရဲ့အထင်ကရနေရာတစ်ခုစီဆီကို ပို့ပေးရမည်ဖြစ်သည်။
ဒိုယောင်းကဂျော်န်နီကို‌ခေါ်သွားရမှာဖြစ်ပြီး သွားမယ့်ခရီးစဉ်ကိုတော့ ကိုယ်တိုင်‌ရေးဆွဲရမည်ဖြစ်သည်။

Self-camရိုက်တဲ့ကင်မရာကိုကိုင်ပြီး နှစ်ယောက်သားအိမ်ကနေထွက်ခဲ့ကြသည်။
သွားမယ့်နေရာက သိပ်မဝေးတာမို့ နှစ်ယောက်သားလျှပ်စစ်ဆိုင်ကယ်(စကူတာ)လေးနဲ့သာသွားဖို့ ရွေးချယ်လိုက်သည်။

“ ဘယ်ကိုအရင်သွားမှာလဲ ”

ဂျော်န်နီက ဆိုင်ကယ်စီးဦးထုပ်ကိုဆောင်းရင်းမေးလာတော့ ဒိုယောင်းကသူစီစဉ်ထားတဲ့ခရီးလမ်းကြောင်းကိုပြန်စဉ်းစားပြီး ပြန်ဖြေပေးလိုက်သည်။

“ ရိုးရာဈေးမှာနံရိုးပေါင်းအရသာရှိတဲ့ဆိုင်ရှိတယ် အဲ့ကိုအရင်သွားပြီး ဗိုက်အရင်ဖြည့်ရအောင် ယူဆွန်းမှာကလည်စရာတွေများတယ် KAISTကအဲ့မှာရှိတာ နာမည်ကြီးတဲ့ရေပူစမ်းလဲရှိတယ် ငါစာရင်းလုပ်ကြည့်ထားတာရှိတယ် မနက်စာစားရင်းနဲ့မှတစ်ချက်ကြည့်ပြီးရွေးလိုက်တော့ ”

ဆယ့်ငါးမိနစ်ခန့် လမ်းညွှန်မြေပုံပါတဲ့အတိုင်းမောင်းသွားပြီးနောက် ယူဆွန်းရိုးရာဈေးကိုရောက်သွားရသည်။ ဆိုင်ကယ်ကို ဆိုင်ကယ်ထားတဲ့နေရာမှာရပ်လိုက်ပြီးနောက် နှစ်ယောက်သားဈေးထဲကိုဝင်ခဲ့လိုက်သည်။

ရိုးရာဈေးဟုခေါ်သည့်အတိုင်း ဈေးထဲကိုဝင်လိုက်တာနဲ့ ဆေးမြစ်ရောင်းတဲ့ဆိုင်တွေ အသီးအရွက်စိမ်းရောင်းတဲ့ဆိုင်တွေကို တမျှော်တ‌ခေါ်ကြီးတွေ့ရသည်။ အငွေ့တထောင်းထောင်းထနေတဲ့ လမ်းဘေးမုန့်တွေ ပြီးတော့ မတူညီတဲ့ရိုးရာစားသောက်ဆိုင်တွေက ဒီနေရာဟာ တောင်ကိုရီးယားမြေဖြစ်ပါတယ်ဆိုတာကို ဖော်ကျူးနေသယောင်။

THE SECOND CHANCE Where stories live. Discover now