ရိုက်ကူးရေးမစတင်ခင် တစ်ရက်အလိုတွင်ဖြစ်သည်။
ဒိုယောင်းက ရိုက်ကူးရေးလုပ်မယ့်အချိန် အသုံးပြုဖို့အတွက် လိုအပ်တဲ့ပစ္စည်းများကို ခရီးဆောင်အိတ်ထဲထည့်နေသည်။
ဒီတစ်ခေါက်ရိုက်ကူးရေးက မန်နေဂျာလိုက်လို့မရတာမို့ ဒိုယောင်းတစ်ယောက်တည်းသာ သွားရမည်ဖြစ်သည်။“ တစ်ယောက်တည်းအဆင်ပြေပါ့မလား ”
ပစ္စည်းကူထည့်ပေးရင်း ဘေးကတတွတ်တွတ်မေးနေတဲ့ ဒုံဟျွန်းဟျောင်းကြောင့် ဒိုယောင်းပြုံးလိုက်မိသည်။ ဒိုယောင်းကိုမူကြိုသွားမယ့် ငါးနှစ်သားလေးများမှတ်နေလားမသိပါ။
“ အဆင်မပြေစရာတော့မရှိပါဘူးဟျောင်းရဲ့ ဂျယ်ဟျွန်းနီရှိတာပဲဟာ ပြီးတော့ တစ်ခုခုဆိုဟျောင်းဆီဖုန်းဆက်မယ်လေ ”
“ အင်းပါ တစ်ခုခုအဆင်မပြေရင်တန်းပြော အစီအစဉ်ကထွက်လာလဲဖြစ်တယ် သိတယ်မလား ငွေကအရေးမကြီးဘူး မင်းကဦးစားပေး ”
“ သိပါပြီဟျောင်းရဲ့ ဘယ်လိုဖြစ်လို့ အဖိုးကြီးလိုပွစိပွစိပြောနေတာလဲ ”
“ စိတ်ပူလို့လေကောင်စုတ်လေးရဲ့ ”
“ အဆင်ပြေပါတယ်ဟျောင်းရဲ့ ကျွန်တော်လဲငယ်တော့တဲ့အရွယ်မှမဟုတ်တာ ”
“ ဘယ်သူမဆို အချစ်နဲ့ထိတွေ့လိုက်ရင် ဆယ်ကျော်သက်ပြန်ဖြစ်သွားရောကွ ငါ့ကောင်ရ ”
ဘယ်ဝတ္ထုထဲကအလွတ်ကျက်လာမှန်းမသိတဲ့ ဒိုင်ယာလော့တွေလာပြောနေတဲ့ဟျောင်းကို ဒိုယောင်းမျက်လုံးသာလှည့်ပြလိုက်မိတော့သည်။
ထိန်းမနိုင်ပါဘူး ဒီဟျောင်းတစ်ယောက်ကို!“ ဒါနဲ့ ဟျောင်း ကျွန်တော်မှာတာပါလာလား ”
“ ပရိုပိုလစ်လား ”
“ အင်း ”
“ ဝယ်လာတယ် ”
“ သန့်ခယူဗဲရီးမက်ခ်ျ ”
“ ဒါနဲ့ ဒီဓာတ်ပုံဘောင်ကိုယူသွားမလို့လား ”
ဒုံဟျွန်းဟျောင်းပြတဲ့နေရာကိုလှမ်းကြည့်မိတော့ စားပွဲပေါ်မှာငြိမ်သက်စွာ လှဲလျောင်းနေတဲ့ဓာတ်ပုံလေးပိုတွေ့လိုက်တာမို့ ဒိုယောင်းသက်ပြင်းချမိတော့သည်။
သူယူသွားသင့်ရဲ့လား မသေချာ။
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __