အားလုံးအပေါ်ထပ်တက်သွားတဲ့အချိန်မှာ ဂျောန်နီနဲ့ယုတနှစ်ယောက်တည်းသာ ဧည့်ခန်းထဲမှာကျန်ရစ်ခဲ့သည်။
နှစ်ယောက်လုံး အိပ်ချင်စိတ်မရှိသေးတာမို့ ဘီယာဘူးကိုယ်စီယူလိုက်ပြီး ခြံထဲကိုဆင်းလာလိုက်ကြတော့သည်။“ အခုထိ ထယ်ယုံးကမင်းကိုမမှတ်မိသေးတာလား ယောင်းဟို ”
ယုတရဲ့အမေးကို ဂျောန်နီ‘အေး’ဟုသာ ပြန်ဖြေလိုက်မိသည်။ သူက ကြီးကြီးမားမားပြောင်းလဲသွားတာမရှိဘဲ ထယ်ယုံးကဘာလို့မမှတ်မိတော့တာလဲဆိုတာ သူလဲနားမလည်နိုင်သေးပေမယ့် သူဘယ်သူဆိုတာကိုလဲ တမင်ထုတ်မပြောချင်ပါ။
“ တကယ် ထူးဆန်းလိုက်တာ ”
“ သူမမှတ်မိတာက ဖြစ်နိုင်ပါတယ် ငါကငယ်ငယ်တုန်းကထက် အဆပေါင်းများစွာပိုကြည့်ကောင်းလာတာဆိုတော့ ”
ဂျောန်နီရဲ့အရွှန်းဖောက်စကားကြောင့် ယုတလိုက်ရယ်မောမိတော့သည်။ ဆောဂျောန်နီရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေမှုလယ်ဗယ်က တကယ်ကိုကြောက်စရာပင်။
“ ဒါနဲ့ နှစ်ယောက်သားကဘယ်လိုလဲ ပြန်အဆင်ပြေနိုင်ကြမယ်ထင်လား ”
“ မပြောတတ်ဘူး ငါ့အထင် ပြန်အဆင်ပြေဖို့ကမလွယ်လောက်ဘူး ဒိုယောင်းဂီက သူ့စိတ်ကိုသူသေချာမသိသေးသလို နှလုံးသားကိုပြန်ဖွင့်ပေးဖို့ ခက်နေတုန်းပဲ အီထယ်ယုံးကလဲ ပွင့်ပွင့်လင်းလင်းမပြောဘူးလေ ဒါနဲ့ မင်းကဘယ်လိုလုပ်ရောက်လာတာလဲ ကြိုလဲမပြောဘဲ ”
“ ငါ့ကိုဂျယ်ဟျွန်းနီကဖုန်းဆက်ပြီး အကူအညီတောင်းလို့လေ သူကအရမ်းစိတ်အားထက်သန်နေတာ ”
“ အဲ့ကလေးလဲ ငါတို့နဲ့အတော်ရေစက်ပါတာ ”
“ အဲ့တာပြောတာလေ ”
ဒိုယောင်းနဲ့ထယ်ယုံးအကြောင်းပြောပြီးနောက် နှစ်ယောက်သားသက်ပြင်းကိုယ်စီချမိရင်း တိတ်ဆိတ်သွားရပြန်သည်။
ထယ်ယုံးကိုလဲသနားမိပေမယ့် အတိတ်တုန်းက ဒိုယောင်းတစ်ယောက်ဘယ်လောက်ပြိုလဲခဲ့လဲဆိုတာ သိနေတာမို့ အပြစ်လဲမဆိုရက်နိုင်ပြန်ပါ။နောက်နေ့မနက်ရောက်တော့ အားလုံးနေမြင့်မှနိုးလာကြပြီး မနက်စာနဲ့နေ့လယ်စာပေါင်းထားတဲ့ Brunchကို အစီအစဉ်ဘက်ကျွေးမည်ဟုဆိုလာတာကြောင့် အားလုံးပြင်ဆင်ပြီး ကားပေါ်တက်ခဲ့ကြသည်။
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __