13

52 7 0
                                    

ထယ်ယုံးကသူ့ဆီစာပို့ခွင့်တောင်းပြီးကတည်းက အရိပ်အယောင်ပင်မမြင်ရအောင်ပျောက်သွားတာ တစ်ပတ်နီးပါးပင်ရှိနေပြီမို့ ဒိုယောင်းမှာ နေမထိထိုင်မသာဖြစ်လာရသည်။
အလုပ်နားတဲ့အချိန်တိုင်း စာများဝင်ထားမလားဆိုပြီး ဖုန်းကိုပဲထုတ်စစ်နေမိပေမယ့် ‌အော်ပရေတာတွေပို့တဲ့
Spam Messageသာဖြစ်နေတာမို့ ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိခင် သက်ပြင်းချလိုက်မိတော့သည်။

“ တစ်ယောက်ယောက်ဆီက ဆက်သွယ်လာမှာကိုမျှော်နေတာလား ”

ခုရက်ပိုင်းမူပျက်နေတာကိုသတိထားမိဟန်တူတဲ့ ဒုံဟျွန်းဟျောင်းကမေးလာတော့ ဒိုယောင်းခေါင်းသာယမ်းပြလိုက်မိသည်။

“ ဘာလို့လဲ ”

“ မဟုတ်ပါဘူး ပုံမှန်ဆို ဖုန်းသိပ်မကြည့်တဲ့သူက ခုရက်ပိုင်း ဖုန်းကိုခဏခဏကြည့်ကြည့်နေလို့လေ ပြီးရင် တစ်ခါကြည့်ပြီးတိုင်းတစ်ခါသက်ပြင်းချနေလားလို့ ”

ထပ်ဆောင်းပြောလာတဲ့စကားကြောင့် အပြုံးတစ်ခုကိုမပီအပြင်ပြုံးပြလိုက်မိပြီး အကြည့်တွေကို ကားအပြင်ဘက်ဆီပို့လွှတ်လိုက်မိတော့သည်။
ထယ်ယုံးနဲ့ပတ်သက်ရင် သူဟာ အလွယ်တကူ စိတ်လွတ်တတ်နေဆဲ။

The Second Chanceရဲ့ ပထမဆုံးအမြည်းကိုထုတ်ပေးမယ့်နေ့မို့ အဖွဲ့လိုက်စကားပြောခန်းထဲမှာ အားလုံးတတ်ကြွနေပေမယ့် ထယ်ယုံးအကောင့်ကတော့ တိတ်ဆိတ်စွာငြိမ်သက်လို့နေသည်။
အရင်အပတ်က ဒိုယောင်းပါဝင်ကြောင်းထုတ်ပြလိုက်တာမို့ အတော်လေးဆူညံသွားပေမယ့် သူဟာ ဂေးတစ်ယောက်အဖြစ် တရားဝင်ထုတ်ပြောထားသူမို့ အများကြီးတော့ သက်ရောက်မှုမရှိခဲ့။
BLကားရိုက်ဖို့ကမ်းလှမ်းလာတာမျိုးတွေအထိရှိခဲ့ပေမယ့် တစ်ချက်မှမစဉ်းစားဘဲ ငြင်းပစ်ခဲ့မိသည်။
သူ့ရဲ့ဂေးဆိုတဲ့ဖြစ်တည်မှုဟာ အီထယ်ယုံးဆိုတဲ့လူသားကြောင့် ဖြစ်တည်လာခဲ့တာမို့ အခြားယောက်ျားတစ်ယောက်ယောက်နဲ့ အလွန်အကျွံနီးနီးကပ်ကပ်နေတာမျိုးကို မလုပ်ချင်။

“ ဒါနဲ့ ထယ်ယုံးဂီခုတလောငြိမ်နေတယ်ရော ”

ယုတကသတိတရဝင်မေးတော့ ဒိုယောင်းလှိုက်ခနဲပျော်သွားကာ ဘယ်သူများစာပြန်လာမလဲဆိုပြီး စိတ်ဝင်စားစွာစောင့်ကြည့်မိသည်။

THE SECOND CHANCE Where stories live. Discover now